ခမ်းသားငေါဝ်း
ဇူလိုင် ၄ ၊ ၂၀၂၄

စဉ့်ကူးမြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း(၆)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း ဇူလိုင် (၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဒိုးနွယ်ရွာတပ်စခန်း ၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်းနှင့် နွယ်ရုံရဲစခန်းတို့ကို အပြီးသတ် သိမ်းပိုက်ထားသည်ဟုသိရသည်။

ဒ့ါအပြင် စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ (၄၀)ကျော်နှင့် ခဲယမ်းအများအပြား ကိုသိမ်းဆည်းရရှိထားခဲ့ပြီး စစ်သုံ့ပန်း (၁၃) ဦးကိုလည်း အရှင်ရရဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ်တွင် ပကဖ မှလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် စဉ့်ကူးမြိုနယ်အတွင်းရှိ သတ်မှတ်ထားသည့်စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်ပြီး တိုက်ခိုက်နေကြောင်းသိရသည်။

ပြီးခဲ့သည့်အပတ်တွင် မန္တလေးတိုင်း မတ္တရာမြို့နယ်တွင်လည်း မန္တလေး PDF သည် လေကြောင်းကာကွယ်ရေးတပ်စခန်းအပါအဝင် တပ်စခန်း ၈ ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်၊၊

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *