ခမ်းသားငေါဝ်း
ဇူလိုင် ၃ ၊ ၂၀၂၄

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်နိုင်မှုရှိပြီးနောက် ဇူလိုင်၂ ရက်နေ့တွင်ထပ်မံပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းTNLA က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိဒုံးတပ်ရင်း(၆၀၆)တပ်စခန်းတွင် ဇူလိုင်၂ ရက်နေ့ မနက် ၁၀ နာရီမှညနေ ၄ နာရီကျော်အထိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်ထားသည်၊၊

ခမရ(၁၁၄)နှင့် (၁၁၅)တပ်စခန်းများကို တအာင်းတပ်မတော်(TNLA)က သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေသည့် တပ်ဖွဲ့ဝင်တစ်ချို့တွေက လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်(၆၀၆)ဒုံးတပ်စခန်းတွင်သွားရောက်ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

နောင်ချိုမြို့တိုက်ပွဲတွင် ပါဝင်သည့်စစ်ကောင်စီတပ်ဖွဲ့ မျာသည် စကခ(၁)လက်အောက်ခံခမရ(၁၁၄)၊ခမရ(၁၁၅)နှင့် တပ်အ(၉၉)လက်အောက်ခံခမရ(၃၀၁)၊ ခမရ(၃၀၃)၊ ခမရ(၃၀၆)တို့ဖြစ်ပြီး စစ်ကောင်သီတပ်ဘက်ကဘန့်ဘွေးရွာကနေလက်နက်ကြီး(၁၆)လုံးပစ်ကူခဲ့ပြီးလေကြောင်းပစ်ကူတွေပါအသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၁ ရက်နေ့နောင်ချိုမြို့နယ်တွင်(၆၀၆)ဒုံးတပ်တိုက်ပွဲနေရာမှာစစ်ကောင်စီတပ််ကJet Fighter၅စီး၊MI-35 ၂စီး၊Y-12 ၁ စီးဖြင့်ပစ်ကူပေးခဲ့သည့်အပြင်Y-12 ၁စီးဖြင့်လည်းလက်နက်ခဲယမ်းများလာရောက်ပို့ခဲ့သည်ဟု TNLA ကပြောသည်။

ထို့အတူတပ်မဟာမိတ်(၂)စစ်ဒေသကျောက်မဲမြို့ရှိစစ်ကောင်စီခမရ(၅၀၁)(၅၀၅)တပ်စခန်းတွင် မနေ့ကမနက်(၆)နာရီအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဒါ့အပြင်တပ်မဟာ(၃)စစ်ဒေသမိုးမိတ်မြို့မှမကျီးပင်ဒေသကိုမနေ့ကမနက်၁၁နာရီ၂၅မိနစ်အချိန်တွင်စစ်ကောင်စီဘက်မှ(၁၂၀)မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သည့်အတွက်ဇူလိုင်(၁)ရက်နေ့တွင်လည်းမိုးမိတ်မြို့တပ်စခန်းနဲ့ပလက်တီနမ်ဟိုတယ်အနီးတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဘက်မှညောင်နီနဲ့သရက်ချိုရွာဘက်ကိုပါ(၁၂၀)မမနှင့်(၄၅)မမလက်နက်ကြီး(၇)လုံးဖြင့်ပစ်ခတ်ခဲ့သည်ဟုTNLA၏ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *