ခမ်းသားငေါဝ်း

ဇူလိုင် ၂၊ ၂၀၂၄

နယ်မြေမငြိမ်သက်မှုကြောင့် ပင်လောင်းတောင်ဖက်ရှိ စာသင်ကျောင်းတစ်ချို့ ပိတ်ခဲ့ရကြောင်း ဇူလိူင်လ ၂ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တောင်ဖက်ရှိ ဝါးလီး၊ ပင်ခွန်၊ တောင်လေး၊ ပင်ကာလ ရွာစာသင်ကျောင်းများသည် နယ်မြေမတည်ငြိမ်မှုများကြောင့် ဇူလိူင်လ ၁ ရက်ကစပြီးပိတ်ထားသည်။

“တိုက်ပွဲကအရမ်းနီးနေပြီ။ ကျေးရွာထဲဆိုလည်း ဒရုန်းတွေပျံနေတော့ ကျောင်းပိတ်လိုက်တယ်ပြောတယ်။ ဘယ်အထိပိတ်သွားမယ်ဆိုတာလည်း မသိရဘူး။ နေ့စဉ်တော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ဆူညံနေတာဘဲ”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းတောင်ဖက် ဆောင်းပြောင်းဒေသ၌ ယခုတွင်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်းလည်း ထိခိုက်မှုများရှိနေကြောင်း သိရသည်။

ပင်လောင်းတောင်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၂ သောင်းကျော် ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *