ခမ်းသားငေါဝ်း
ဇူလိုင် ၄ ၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် လားရှိုးလေဆိပ်ကို ယာယီရပ်နားထားကြောင်း စုံးစမ်းသိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုရက်ပိုင်း စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လာသည့်အတွက် လားရှိုးလေဆိပ်ကို ဇူလိုင်လ(၃)ရက်နေ့တွင် ယာယီရပ်နားထားသည်ဟု သိရသည်။

“အမှန်တော့ ၅ ရက်နေ့လောက်မှပိတ်မယ်လို့ကြားထားတာ တိုက်ပွဲကပြင်းထန်လာတော့အမြန်ပိတ်လိုက်တာ ဘယ်ရက်ထိပိတ်မလဲတော့မသိသေးဘူးပြောထားတာမရှိသေးဘူး လားရှိုးမြို့ပတ်ပတ်လည်နဲ့ ရွာတွေမှာတိုက်နေကြတယ်”ဟု အမည်မဖော်လိုသူတစ်ဦးကခမ်းသား‌ငေါဝ်းကိုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇွန်လ(၂၅)ရက်က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပြန်လည်စတင်သည့်အချိန်မှစ၍ စစ်ကောင်စီနှင့် လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယခုအချိန်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *