ခမ်းသားငေါဝ်း
ဇူလိုင် ၃ ၊ ၂၀၂၄

ဆောင်းပြောင်းကျေးရွာအထွက်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် စစ်ရှောင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဇူလိူင်လ ၃ ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း(အနောက်) ကျေးရွာတွင် တိုက်ပွဲရှောင်အဖြစ် ရောက်ရှိနေထိုင်လျှက်ရှိသည့် ခွန်အောင်ကျော်မိုးသည် ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်စဥ် လက်နက်ကြီးထိမှန်ခြင်းကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ခုဒဏ်ရသူက ပင်လောင်းမြို့ဆေးရုံမှာ ဆေးကုသနေတယ်။ စိုးရိမ်ရတာတော့မရှိဘူး”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင်လည်း ဘုန်းကြီးကျောင်းထဲ တိမ်းရှောင်နေသည့် ဒေသခံများကို ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းကြောင်း ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ယခု ဆောင်းပြောင်းကျေးရွာထဲတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရွာခံနှင့် စစ်ရှောင် တစ်သောင်းနီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *

You missed