ခမ်းသားငေါဝ်း
ဇူလိုင် ၃ ၊ ၂၀၂၄

လားရှိုးမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ပွဲချင်းသေဆုံးသည့် မိသားစုဝင် ၆ ဦးအပါဝင် အရပ်သား(၇)ဦးသေဆုံးကာနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်၊၊

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ်မတော်(၆)စစ်ဒေသ လားရှိုးမြို့နယ်၌ ဇူလိုင်လ(၃)ရက် နံနက် (၈:၃၀)အချိန်တွင် စစ်ကောင်စီလက်နက် ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်(၆)ဦးပွဲချင်းသေဆုံးခဲ့ကြောင်း ဆိုထားသည်၊၊

အလားတူလားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း နေအိမ်တစ်အိမ်ပေါ်သို့ လက်နက် ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းသေဆုံးပြီး အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊

ထို့အပြင် ကျောက်မဲ၊ နောင်ချို ၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါမြို့တွင်လည်း တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီလေကြောင်းနှင့် လက်နက် ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၂၅)ဦးသေဆုံးပီး(၃၇)ဦးထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အရပ်သားနေအိမ်(၅၀)နီးပါးထိခိုက်ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်၊၊

PPV009

Leave a Reply

Your email address will not be published. Required fields are marked *