Month: June 2024

နိုင်ငံကူးလက်မှတ် PJ မှ PV သို့ပြောင်းလဲခြင်းကို စစ်ကောင်စီက ပိတ်ပင်လိုက်သည့်အတွက် လူငယ်များ ပြည်ပထွက်ခွာရန် အခက်အခဲထပ်မံကြုံတွေ့

ခမ်းသားငေါဝ်း ဇွန်လ ၇၊ ၂၀၂၄ နိုင်ငံကူးလက်မှတ် PJ မှ PV သို့ ပြောင်းလဲခြင်းကို စစ်ကောင်စီက ဇွန်လ(၆)ရက်တွင် ပိတ်ပင်လိုက်သည့်အတွက် လူငယ်များ ပြည်ပထွက်ခွာခွင့် အခက်အခဲထပ်မံကြုံတွေ့နေရကြောင်းသိရသည်။ စစ်ကောင်စီက မေလအစပိုင်းတွင် အသက် ၂၃ နှစ်မှ ၃၂အရွယ်အထိ အမျိုးသားများကို PJ (အလုပ် အကိုင်နိုင်ငံကူးလက်မှတ်)ဖြင့် နိုင်ငံခြားထွက်ခွာခွင့် ပိတ်ပင်လိုက်သည့်အတွက် PV(အလည်အပတ်နိုင်ငံကူးလက်မှတ်)ပြောင်း၍ရသည့်နည်းဖြင့် နိုင်ငံခြားထွက်ခွင့်‌ရရန်ကြိုးစားကြသည့်အတွက်…

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကိုယ်ဝန်သည် ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ခမ်းသားငေါဝ်း ဇွန်လ ၇၊ ၂၀၂၄ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည် ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီသွားကြောင်း ကေအဲန်ယူ-ဗဟိုကဇွန်လ ၆ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ ၂ ရက်နေ့တွင် သိမ်ဇရပ်မြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးအလုံး ၃၀ ကျော်ပစ်ခတ်ခဲ့ရာ စစ်ကွင်းရွာတွင်နေအိမ် ၂ လုံးပျက်စီးသွားကြောင်းသိရသည်။ ထို့အပြင်…

နမ့်ခမ်းတွင် စည်းကမ်းမလိုက်နာသည့် ဆေးရုံ၊ဆေးခန်းများအားအရေးယူမည်ဟု TNLA ဆို

ခမ်းသားငေါဝ်း ဇွန်လ ၇၊ ၂၀၂၄ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်း၊ ဆေးဆိုင်တွင် သက်တမ်းကုန်ဆေးဝါးများရောင်းဝယ်သုံးစွဲခြင်းနှင့် ခွင့်ပြုချက်မရှိသောဆေးဝါးများရောင်းဝယ်ခြင်းများမပြုလုပ်ရန် မလိုက်နာပါက အရေးယူမည်ဟု တအောင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇွန်လ ၆ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိကဆေးရုံများကို PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။…

ဆောင်းပြောင်း ဒေသတွင် ပြောင်းသီးနှံစိုက်ခွင့်ပိတ်ထားခြင်းကြောင့်တောင်သူအခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း ဇွန်လ ၇၊ ၂၀၂၄ ဆောင်းပြောင်းတွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်က ပြောင်းစိုက်ခွင့်မပြုသောကြောင့် ဒေသခံများအခက်အခဲဖြစ်နေရသည်ဟု ဇွန်လ(၇)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသတွင် မေလလယ်ပိုင်းလောက်မှစကာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လမ်းမကြီးတစ်လျှောက်ပေတစ်ထောင်အကွာအဝေး၌ ပြောင်းစိုက်ခွင့် မပြုသောကြောင့် ဒေသခံများက စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။ “ပြောင်းကတော့ရာသီမရွေးရေရှိရင်စိုက်ရတာအဆင်ပြေတယ်၊ ကိုယ့်အတွက်လည်းကျန်တာပေါ့ ခုလိုကန့်သတ်တော့ စပါးကအရင်းနည်းသလို ခြံအတူတူပဲကို ပြောင်းစိုက်ရင်အိမ်အတွက်ကျန်တယ်၊…

ယခုနှစ်မိုးများသဖြင့် နောင်တရားဒေသတွင်အာလူးများပုပ်ပြီးပျက်စီးနေ

ခမ်းသားငေါဝ်း ဇွန်လ ၆၊ ၂၀၂၄ ယခုနှစ်မိုးများသောကြောင့် နောင်တရားဒေသတွင်အာလူးများပုပ်ပြီးပျက်စီးကုန်ကြောင်း ဇွန်လ(၆) ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ခြမ်းရွာဘက်တွင် မိုးများခြင်းကြောင့် တောင်သူများစိုက်ပျိုးထားသည့် အာလူးများ ပုပ်ကုန်ကြသည်ဟုသိရသည်။ “ဒီနှစ်ကမိုးအရမ်းများတော့ အာလူးပင်တစ်ပင်မှာ(၈)ဥလောက်ဥရင် တစ်ဥလောက်ပဲအောင်တယ် အကုန်ပုပ်ကုန်ကြတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ နောင်တရားဒေသတွင် နွေရာသီ၌ အာလူးကိုရေသွင်းပြီး အဓိကစိုက်ပျိုးကြသလို ရေစုပ်ရန်အတွက်ဓာတ်ဆီခနှင့် မြေသြဇာ၊ လူငှါးခ၊…

ဆီဆိုင်မြို့ခံတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ် ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန်လ၆၊ ၂၀၂၄ ဆီဆိုင်မြို့ခံတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊မြကန်သာရပ်ကွက်နေ အသက် ၇၁ အရွယ် ဒေါ်စိုးစိုးလတ်သည် ယနေ့မနက် ၉ နာရီအချိန်တွင်မိုင်းနင်းမိပြီးခြေထောက်တစ်ဖက်ပြတ်သွားကြောင်း သိရသည်။ “ခြံစည်းရုံးခတ်ရင်းနဲ့ နင်းမိတာ။ပေါက်ကွဲသံက အကျယ်ကြီးဆိုတော့ ထပ်ပြီး ထွက်ပြေးရမယ်ထင်နေတာ။နောက်တော့ဗုံးကွဲတာတဲ့။မိုင်းကလည်း သူများလာမရှင်းပေးဘူးလေ”ဟုမြန်ကန်ရပ်ကွက်နေဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ဒေါ်စိုးစိုးလတ်သည် ခြေထောက်တစ်ဖက်ပြတ်၊နောက်ခြေထောက်တစ်ဖက်နှင့်လက်ပေါ်လည်း ပြင်းထန်စွာဒဏ်ရာရာရရှိပြီး ယခုတွင် အောင်ပန်းမြို့ စစ်ဆေးရုံသို့…

နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးမန်းကျော် ပစ်ခတ်ခံရပြီး သေဆုံး

ခမ်းသားငေါဝ်း ဇွန်လ ၆၊ ၂၀၂၄ ရွာငံမြို့နယ်၊နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးမန်းကျော်သည် ဇနီးနှင့် တောင်ယာသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးရွာတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသော နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းကျော်ကို ဇွန်လ ၅ ရက်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းသိရသည်။ “သူက စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို စုပေးတာ စာရင်းကောက်တာလုပ်ပေးတယ်။သူများကသူ့ကိုအကြိမ်ကြိမ်သတိပေးတယ်။ သူကနားမထောင်တော့ သူများပစ်သတ်သွားတာဟုတ်တယ်”ဟု နွားဘန်းကြီးရွာခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

ဆီဆိုင်မြို့တွင် အိမ်ပျက်စီးသွားသူများ ပြန်ဆောက်ရန် မိုးကာများအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း ဇွန်လ ၆၊၂၀၂၄ ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးသွားသူများ ပြန်ဆောက်ရန်အတွက် မိုးကာများအရေးပေါ်လိုအပ်လျက်ရှိကြောင်း ဒေသခံထံမှ သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် မီးလောင်သွားသည့် အိမ်များနှင့် လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်များအတွက် ပြန်ဆောက်ရန် အမိုးအကာများ လိုအပ်နေကြောင်းသိရပါသည်။ “မိုးရာသီလည်းဖြစ်တော့အမိုးအကာတွေအရမ်းလိုအပ်တယ် တချို့က အိမ်မီးလောင်သွားတော့ ဝါးတဲလေးတွေပြန်ဆောက်နေတာတွေ့ရတယ် အထောက်အပံ့လည်းမရတော့ ကိုယ်တိုင်ပဲပြန်ဆောက်ကြရတယ် ယာယီတဲပြန်ဆောက်ဖို့တောင် ခက်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင်…

ကယန်းကျေးရွာအုပ်စု ကုန်းနိမ့်ပိုင်း တဲထိုးနေရသည့် စစ်ရှောင်များ ရေကြီးမှုကြောင့်နှစ်မြှုပ်ပြီးအခက်ခဲဖြစ်

ခမ်းသားငေါဝ်း ဇွန်လ ၆၊ ၂၀၂၄ အလယ်ကယန်းကျေးရွာအုပ်စုအတွင်း ကုန်းနိမ့်ပိုင်းတွင် တဲထိုးနေရသည့် စစ်ရှောင်များ ရေကြီးမှုကြုံတွေ့နေရပြီး နေထိုင်ရေးများ ခက်ခဲနေကြကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုအတွင်း ဇွန်လ ၅ ရက်နေ့တွင် မိုးကြီးပြီး ရေချောင်းနှင့် မြောင်းများ ရေပြည့်လျှံခြင်းကြောင့် ကုန်နိမ့်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “နှစ်စဉ် မိုးကြီးတယ်ဆိုပေမယ့် ဒီနှစ်လောက်မိုးကမကြီးဘူး။ဒီနှစ်ကျ စစ်ရှောင်အိမ်တွေ…

ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်းမျာ တပ်ဆင်နိုင်ရန် “ဝေဟင်ကိုထိန်း မြေပြင်သိမ်း”ကမ်ပိန်းအစီစဉ် PNLA ပြုလုပ်

ခမ်းသားငေါဝ်း ဇွန် ၅၊ ၂၀၂၄ ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်းများ တပ်ဆင်နိုင်ရန် “ဝေဟင်ကိုထိန်း မြေပြင်သိမ်း”ကမ်ပိန်းအစီစဉ်ကို ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA မှ ပြုလုပ်နေကြောင်းသိရသည်။ ယင်းကမ်းပိန်းအစီစဉ်ကိုဇွန်လ ၄ ရက်နေ့မှ ဇူလှိုင်လ ၇ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းအစီစဉ်တွင် ဆုကြေးများစွာလည်း ပြုလုပ်ထားကြောင်း သိရသည်။ “အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ ဒီဒရုန်းတပ်ဖွဲ့ကို ဆင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။…

You missed