Month: June 2024

အိမ်ဝိုင်းထဲ မိုင်းနင်းမိသည့်ဆီဆိုင်ဒေသခံ အမျိုးသမီး ဆေးကုနေစဥ်သေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ ဆီဆိုင်မြို့ အိမ်ဝိုင်းထဲတွင် သန်းရှင်းရေးလုပ်ပြီး မိုင်းနင်းမိခဲ့သည့် ဒေါ်စိုးစိုးလတ်သည် ဆေးကုသနေစဥ်သေဆုံးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့၊မြကန်သာရပ်ကွက်နေ ဒေါ်စိုးစိုးလတ်သည် ဇွန်လ ၆ ရက်နေ့တွင် အိမ်ခြံဝန်းအတွင်း သန်းရှင်းရေးလုပ်နေစဉ်မိုင်းနင်းမိပြီးနောက်အောင်ပန်းမြို့ စစ်ဆေးရုံတွင်ဆေးကုသပြီးနေစဉ် ဇွန် ၉ ရက်နေ့ညတွင်သေဆုံးသွားသည်။ ” ၉ ရက်နေ့ညကဆုံးပြီး မနေ့က သူရုပ်အလောင်းကို ဆီဆိုင်ကိုပြန်သယ်လာပြီ။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လာတိုက်ခိုက်ရာ ၃ ဦးဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၁၀၊ ၂၀၂၄ မိုးမိတ်မြို့နယ်ရှိ တအာင်းတပ်မတော် TNLAတပ်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်တိုက်ခိုက်ပြီး TNLA တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ ၉ ရက်နေ့တွင် TNLA ကထုတ်ပြန်ထားသည်။ တအာင်းပြည်၊ တပ်မဟာ(၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား ဇွန်လ ၉…

ကုန်ဈေးနုန်းမြင့်တက်မှုကြောင့် သနပ်ဖက် တောင်သူများ အခက်အခဲရှိနေဆဲ

ခမ်းသားငေါဝ်း ဇွန် ၁၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ထွက်ရှိသည့် သနပ်ဖက်သည် ဈေးအနည်းငယ်တက်လာသော်လည်းကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်အခက်အခဲရှိနေဆဲဖြစ် ကြောင်း သနပ်ဖက်စိုက်တောင်သူထံမှ သိရသည်။ ယခုလက်ရှိသနပ်ဖက်ဈေးအရွက်ကြီးကတစ်ပိဿာ တစ်သောင်းငါးထောင်ကျပ်၊ အရွက်ငယ်ကတစ်ပိဿာ ရှစ်ထောင်ကျပ်ရရှိပြီး ယခင်နှစ်ကအရွက်ကြီးကတစ်ပိသာ ကိုးထောင်ကျပ်၊ အရွက်ငယ်တစ်ပိဿာလေးထောင်ကျပ်ရရှိကာ ယခင်နှစ်ဈေးထက်စာရင်သနပ်ဖက်ဈေးကောင်း ရရှိသည်၊၊ “အရင်ထက်စာရင်တော့ ဈေးကောင်းတယ်လို့ပြောလို့ရပေမယ့် ဆန်တွေ၊ ဆီတွေလည်းဈေးတက်တော့ မထူးပါဘူး ဖျန်းဆေးတွေ ထင်းတွေလည်းဈေးတက်တယ် အခက်ခဲကတော့ရှိတုန်းပဲ”ဟု သနပ်ဖက်စိုက်တောင်သူတစ်ဦးကပြောသည်၊၊ သနပ်ဖက်လှော်ရန်ထင်းအား…

ရွာငံPDF အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်

ခမ်းသားငေါဝ်း ဇွန် ၁၀ ၊ ၂၀၂၄ ရွာငံPDF-(JPRF) Localအဖွဲ့မှ အပတ်စဥ်(၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇွန်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ရွာငံPDFထုတ်ပြန်ချက်အရ သိရသည်။ ယင်းစစ်သင်တန်းကို၂ လကြာပြုလုပ်ပြီး သင်တန်းကာလတွင်ရဲဘော်များအား ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရန်နှင့်ခက်ခဲ ၊ ကြမ်းတမ်း၊ ပြင်းထန်သည့် သင်တန်းအမျိုးအစားများ ပါဝင်သကဲ့သို့ စိတ်ဓာတ်ပိုင်း လိုအပ်ချက်ဖြစ်သည့် နိုင်ငံရေး အခြေခံအသိကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း…

ပြည်သူ့စစ်သင်တန်းတက်ထားသည့် ရွှာသားများ ပြည်သူ့လုံခြုံရေးစောင့်ရှောက်ရန် ရွာသူကြီးကအဖွဲ့ ဖွဲ့ပေး

ခမ်းသားငေါဝ်း ဇွန် ၉ ၊ ၂၀၂၄ ပင်လောင်း မြို့နယ် တခါးယဥ်ကျေးရွာတွင် စစ်သင်တန်းတက်ထားသည့် ရွာသားများအား ပြည်သူ၏လုံ ခြုံရေးစောင့်ရှောက်ရန် ရွာသူကြီးက အဖွဲ့များ ဖွဲ့ပေးခဲ့ကြောင်း သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်း မြို့နယ် လိန်းညာကျေးရွာအုပ်စု တခါးယဥ်ကျေးရွာရှိ စစ်သင် တန်းတက်ထားသည့် ရွာသားများအား ပြည်သူ့လုံ ခြုံရေးစောင့်ရှောက်ရန်နှင့် စစ်ပွဲဖြစ်လျှင်ဝင်ကူရန်ဟုဆိုကာဇွန်လ ၇ ရက်နေ့…

ငါးဖယ်ချောင်းရွာတွင် စက်လှေနှစ်စီးတိုက်မိပြီး နှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၉ ၊ ၂၀၂၄ ငါးဖယ်ချောင်းရွာတွင် ဟွန်ဒါစက်လှေနှင့်မော်တော်စက်လှေတိုက်မှုဖြစ်ပွားပြီး နှစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ငါးဖယ်ချောင်းရွာတွင် ဇွန်လ ၅ ရက်နေ့ညက ဟွန်ဒါစက်လှေနှင့် မော်တော်စက်လှေတို့တိုက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ” နှစ်ဦးသေဆုံးသွားတယ်။ ညဖက်ဖြစ်သွားတာ ။ စက်လှေအကြီးက ဒီစက်လှေအငယ်ကိုတိုက် တာ”ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။ သေဆုံးသွားသော သူသည်…

ထီရီးအခြေစိုက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ကစျေးပတ်လိုက်သူပစ္စည်းများကိုသိမ်းယူပြီးငွေဖြင့် ပြန်ရွေးခိုင်း

ခမ်းသားငေါဝ်း ဇွန် ၉၊ ၂၀၂၄ ထီရီးအခြေစိုက် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ စံကားလှေဆိပ်တွင် စျေးပတ်လိုက်သူပစ္စည်းများကိုသိမ်းယူပြီးငွေဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် စံကားမြို့ လှေဆိပ်တွင် ဇွန်လ ၃ ရက်နေ့က ခြိမ်းခြောက် တောင်းယူသည့်ပစ္စည်းသည် သိန်း ၁၅၀ တန်ဖိုးရှိပြီးနောက် ပစ္စည်းမသိမ်းစေလိုလျှင် တစ်ဦးကို ငွေ ၅ သိန်းပေးရန် စစ်ကောင်စီတပ်သားနှင့်…

PNCF၏ ကြားကာလအခြေခံပညာ အခဲ့မဲ့အွန်လိုင်းစာသင်ကျောင်း အပတ်စဉ်(၃) ကျောင်းဖွင့်ပွဲနှင့် ကျောင်းသားသစ် ကြိုဆိုပွဲကျင်းပ

ခမ်းသားငေါဝ်း ဇွန်လ ၈၊ ၂၀၂၄ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ၏ ကြားကာလ အခြေခံပညာ အခမဲ့ Online စာသင်ကျောင်း တတိယ အကြိမ် ကျောင်းဖွင့်ပွဲနှင့် ကျောင်းသားသစ် ကြိုဆိုပွဲ ကို ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့သည်။ တတိယအကြိမ် PNFC အခမဲ့ အွန်လိုင်းကျောင်းဖွင့်လှစ်ရာတွင် အတန်းစုံနှင့် ကျောင်းသားဦးရေ ပိုမိုလက်ခံ နိုင်ခဲ့ကြောင်းသိရသည်။…

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ရှမ်းလူငယ်ထုဆို

ခမ်းသားငေါဝ်း ဇွန်လ ၈၊ ၂၀၂၄ ရှမ်းအမျိုးသားညီညွတ်ရေး၊ တိုင်းရင်းသားများနှင့်ယှဥ်တွဲနေထိုင်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပထမအကြိမ် ရှမ်း(တိုင်း)လူငယ်ထုညီလာခံမှသဘောထားထုတ်ပြန်ထားသည်။ ရှမ်းလူငယ်ထုညီလာခံကို ကမေလ ၁၃ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ထိုင်း​မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပကြောင်းသိရ သည်။ ညီလာခံတွင် နိုင်ငံရေး၊စစ်ရေး၊တော်လှန်ရေးဆိုင်ရာကဏ္ဍများအပါအဝင် သဘာဝပါတ်ဝန်းကျင်နှင့်သယံဇာတအရင်းမြစ်ဆိုင်ရာကဏ္ဍ၊ လူ့အခွင့်အရေးနှင့် အမျိုးသမီးဆိုင်ရာကဏ္ဍတို့ကို ဦးစားပေးဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။ ” လက်ရှိညီလာခံသဘောထားအကျဥ်းချုပ်ရလဒ်ရတော့ ရှမ်း အမျိုးသားညီညွတ်ရေး၊…

စလစ်ဖြစ်ပြီးလဲနေသည့်ဆိုင်ကယ်ကိုရှောင်ရင်း ၁၂ ဘီးကားတိမ်းမှောက်

ခမ်းသားငေါဝ်း ဇွန်လ ၈၊ ၂၀၂၄ အောင်ပန်းတွင် စလစ်ဖြစ်ပြီးလဲနေ သည့်ဆိုင်ကယ်ကိုရှောင်ရင်း ၁၂ ဘီးကားတိမ်းမှောက်ဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊အောင်ပန်း -ပင်းတယသွားလမ်း ကျောက်ဆောင်မြေခြားရွာအနီး လမ်းမ၌ ဇွန်လ ၇ ရက်နေ့မနက် ၆ နာရီအချိန်ခန့်တွင် ဦးဇော် (ပင်းတယ-ဆင်ခေါင်းရွာ)နေ စီးလာသောဆိုင်ကယ်သည် စလစ်ဖြစ်၍ မှောက်သွားစဥ် ရှေ့မှလာသော ၁၂ ဘိန်းကားမှာ ရှောင်တိမ်းပေးရာမှ ကားပါ…

You missed