Month: June 2024

နောင်ချိုရှိ စစ်ကောင်စီတပ်စခန်း၂ ခုကို TNLA ထပ်မံသိမ်းပိုက်ရရှိ

ခမ်းသားငေါဝ်း ဇွန် ၂၇၊ ၂၀၂၄ နောင်ချိုမြို့ရှိစစ်ကောင်စီစခန်း ၂ ခုကို TNLAနှင့်ပူး‌ပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တတိယရက်တွင် ထပ်မံသိမ်းပိုက်ရရှိထားကြောင်း PSLF/TNLAသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အုမ္မခါးရွာမှ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တအောင်းတပ်TNLAမှသိမ်းပိုက်နိုင်ခဲ့ပြီး တဆက်တည်းမှာပင် TNLAနှင့် မန္တလေး MYD-PDFပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ်ရင်း(၆၀၆)တပ်စခန်းအား နံနက်(၁၁)နာရီအချိန်တွင် သိမ်းပိုင်းနိုင်ခဲ့ကာ နံနက်(၁၁း၅၀)အချိန်တွင် စစ်ကောင်စီမှ Y-12လေယဥ်ဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်း…

ကျိုင်းတုံ – မိုင်းပျဥ်းတောင်လမ်းတွင် ကုန်တင်တွဲကားကြီးများရာနှင့်ချီပိတ်မိနေသေး

ခမ်းသားငေါဝ်း ဇွန် ၂၇ ၊ ၂၀၂၄ ကျိုင်းတုံ-မိုင်းပျဥ်းတောင်လမ်းတွင် ဇွန်လပိုင်းမှစပြီးမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပျက်စီးပြီး ကုန်တင်တွဲကားကြီးများရာနှင့်ချီ ပိတ်မိနေသေးကြောင်း ခရီးသွားကားမောင်းသမားထံမှ သိရသည်။ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ – မိုင်းပျဥ်းသွားလမ်းတွင် ကားများပိတ်ဆို့ပြီးနောက်အတက်အဆင်းကိုအချိန် ၂ နာရီတစ်ကြိမ်ဖြင့်ပြုလုပ်ပေးနေသော်လည်း ကုန်တင်တွဲကားကြီးများဆက်ပြီး ပိတ်မိနေသည်။ ”သူတို့ကအတက်နဲ့အဆင်းကိုပုံသေလုပ်ပေးတာမျိုးမရှိဘူး၊အချိန်ကဖြင့်၂ နာရီတောင်မပြည့်သေးဘူးကားတွေကိုပြန်လွှတ်ပေးလိုက်တာ၊ အတက်ကားကမကုန်သေးဘူး၊ အဆင်းကားကိုလွှတ်လိုက်တော့ပိုဆိုးကုန်တာပေါ့ တစ်ဖန်ကားကြီးကပြန်ပြီးပိတ်မိနေရော”ဟုခရီးသွားကားမောင်းသမားကပြောသည်။ ယခုလက်ရှိတွင် ကုန်တင်ယာဥ်ကားကြီးများ ရာနှင့်ချိီပိတ်မိနေသည့်အတွက်ကြောင့် သွားလာရန်ခက်ခဲနေပြီး…

စစ်ပွဲ​ဖြစ်ပွားသည့်အတွက် တရွတ်မွူးရွာသားများဘေးလွှတ်ရာသို့ တိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဇွန် ၂၇ ၊ ၂၀၂၄ ကျေးရွာအတွင်း စစ်ပွဲဖြစ်ပွားသည့်အတွက် ပင်လောင်းမြို့နယ် တရွတ်မွူးရွာသားများဘေးလွတ်ရာသို့ ရွာလုံးကျွတ် တိမ်းရှောင်နေရ ကြောင်းဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း မြို့နယ် တရွတ်မွူးရွာထဲတွင် ဇွန်လ၂၄ ရက်နေ့မနက်ပိုင်းက စစ်ပွဲရုတ်တရက် ဖြစ်ပွားသည့်အတွက် ရွာသားများသည် အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ဘေး လွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။ ”ပစ္စည်းဆိုအကုန်မသယ်ရဘူး။တစ်ချို့ဆိုသယ်တောင်မသယ်ရဘူး။စစ်ပွဲကရေရှည်ဖြစ်မယ်ဆိုရင် စားနပ်ရိက္ခာ တွက်စိုးရိမ်ရမယ်”ဟုဒေသခံစစ်ဘေးရှောင်တစ်ဦးက…

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော် ၂ ပါးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၂၇၊ ၂၀၂၄ ကေအဲန်ယူ-အုပ်ချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွန်လအတွင်း သံဃာတော် ၂ ပါးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို က ဇွန်လ ၂၆ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဇွန်လ ၂၁ ရက်နေ့တွင် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်…

ပင်ညိုးရွာအရှေ့ဘက်စာသင်ကျောင်းအနီး PNO ပြည်သူ့စစ်က ခရီးသွားသူများထံ ငွေးကြေးကောက်ခံနေ

ခမ်းသားငေါဝ်း ဇွန် ၂၇ ၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ပင်ညိုးရွာအရှေ့ဘက် စာသင်ကျောင်းအနီး PNO ပြည်သူ့စစ်က ခရီးသွားသည့် သူများထံ ငွေကြေးကောက်ခံမှုပြုလုပ်နေကြောင်း ခရီးသွားပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ပင်ညိုးရွာနားတွင် ခွန်ထွိုက်အောင်း ဦးဆောင်သည့် PNO ပြည်သူ့စစ်အဖွဲက ကားကြီးတစ်စီး ၂ သောင်း၊ ကားငယ်တစ်စီး ၁ သောင်း၊ ဆိုင်ကယ်တစ်စီးလျှင်…

ပင်လောင်းဒေသတွင် စစ်ဘေးရှာင်တိုးလာသဖြင့်စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇွန် ၂၇ ၊ ၂၀၂၄ ပင်လောင်းဒေသတွင် စစ်‌ဘေးရှောင်တိုးလာသည့်အတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများအရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းတောင်ဖက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားသည့်အတွက် ပြည်သူများ ထပ်မံတိမ်းရှောင်‌နေရပြီး နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ မလုံလောက်နေကြောင်းသိသည်။ “တိုက်ပွဲဖြစ်တာ့ရုတ်တရက် ပြေးလာကြတာ ဘာမှလည်းမပါလာကြဘူး အလှူရှင်တွေလည်းမရောက်တော့ စားနပ်ရိက္ခာတွဆို တော်တော်လိုအပ်တယ် နေရာထိုင်ခင်းလည်း မလုံလောက်ကြဘူး”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။ တိုက်ပွဲအ‌ ခြေအနေမငြိမ်သက်ခြင်းကြောင့်…

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း(၂၄) ခုနှင့် စစ်သုံ့ပန့် ၁၇ ဦး လက်နက်ချအညံ့ခံဖမ်းဆီးရမိဟုဆို

ခမ်းသားငေါဝ်း ဇွန်လ ၂၆၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခုနှင့် စစ်သုံ့ပန့် ၁၇ နှစ်ဦးဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်လိုက်သည်။ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစ သည့်မြိုနယ်များတွင် ဇွန်လ ၂၅ ရက်နေ့က…

စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူ ၂ ဦးကိုအကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်

ခမ်းသားငေါဝ်း ဇွန် ၂၆ ၊ ၂၀၂၄ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်ကပြည်သူ ၂ ဦးအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လယ်ထွဲကျေးရွာတွင် ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာနေ လူငယ် ၃ ဦးကို ဇွန်လ ၂၀ ရက်နေ့၌ စစ်ကောင်စီနှင့် PNO ကဖမ်းဆီးခဲ့ရာ…

စစ်တပ်နှင့် PNO ပြည်သူ့စစ်က ဒရုန်းနှင့်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ရွာသား ၃ ဦးဒဏ်ရာရှိ

ခမ်းသားငေါဝ်း ဇွန် ၂၆၊ ၂၀၂၄ ပင်လောင်းမြို့နယ် ညောင်မွူးကျေးရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းနှင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရွာသား ၃ ဦးဒဏ်ရရှိခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ညောင်မွူးကျေးရွာတွင် ဇွန်လ၂၂ ရက်နေ့ညနေပိုင်းအချိန်၌ ဦးကျော်လွင်ဦး ၃၀ နှစ်၏ နေအိမ်တွင် ဦးအောင်သန်း ၃၇ နှစ်၊ ခွန်အောင်မြင့်၂၀ နှစ် ၄င်းတို့သုံးဦး…

ကျောက်မဲတွင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ၂၆၊၆၊၂၀၂၄ ကျောက်မဲတွင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ၂၅ ရက် တအာင်းတပ်မတော် TNLA ထုတ်ပြန်ချက်အရ သိရသည်။ တအာင်းဒေသ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်နေ့ နံနက် (၅း၃၀)အချိန်မှစတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ…