ခမ်းသားငေါဝ်း
ဇွန်လ၂၉၊ ၂၀၂၄

အောင်ပန်းတွင် ရေနှစ်သေဆုံးနေသည့်အမျိုးသားအလောင်းတစ်ခုတွေ့ရှိ ခဲ့ကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့ မင်္ဂလာကန်၌ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းအချိန်တွင် အမည်၊နေရပ် မသိ ရေနစ်သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့သည်။

” ရောက်တဲ့အချိန်မှာတော့ အလောင်းက ရေလယ်ခေါင်မှာ ရှိနေတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကသေသွားတာလို့ခန့်မှန်းထားတယ်၊ ဘာလို့ဆိုတော့ အလောင်းက ပုပ်ပွပြီး ရေပေါ်ပေါ်နေပြီ ၊ အဲ့ဒါကိုဆယ်ယူလိုက်တယ်” ဟုနာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသူအမျိုးသားသည် အသက် ၃၀ ဝန်းကျင်အရွယ်ရှိပြီး သက်ဆိုင်သူ မိသားစုဝင်များလာရောက်ဆက်သွယ်ခြင်းမရှိသေးကြောင်း၊ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်မရှိသောကြောင့် မတော် တဆ ပြုတ်ကျသေဆုံး​ခြင်းဖြစ်နိုင်ကြောင်း ၎င်း ကဆက်ပြောသည်။

အောင်ပန်းမြို့ မင်္ဂလာကန်တွင် ယခင်ကလည်း ရေနှစ်သေဆုံးမှုများ ရှိခဲ့ကြောင်းသိရသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *