ခမ်းသားငေါဝ်း
ဇွန်လ ၂၉၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှု ကြောင့် အရပ်သား ၁၁ ဦးသေဆုံးခဲ့ရပြီး ၄ ဉီးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ ‌မိုးမိတ်မြိုနယ်တိုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဇွန်လ (၂၈) ရက်နေ့က ကျောက်မဲမြို နယ်မြေ (၈) တွင် လက်နက်ကြီးကျ ရောက်ပေါက် ကွဲသောကြောင့် မယ်သီလရှင်တစ်ပါးအဝင် အမျိုးသမီးသမီး (၄) ဉီး၊ အမျိုးသား(၂)ဉီးသေဆုံးပြီး အမျိုးသားတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အလားတူ မိုးကုတ်မြို အရှေ့ပိုင်းတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့်လာရောက် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ဉယျာဉ်ကျောင်းတွင်းရှိ ကိုရင် (၅) ပါးကျည်စထိမှန်ပြီး ကိုရင်(၁)ပါးပျံလွန်တော်မှုကာ (၄)ပါး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင်လူးထရပ်ကွက်ရှိ အဘွားအိုတစ်ဦးနှင့် ကလေးငယ်တစ်ဉီးသေဆုံးသည့်အပြင် မိုးကုတ် အနောက်ပိုင်း အောင်သုခရပ်ကွက်ရှိ နေအိမ်တစ်အိမ်ပေါ်သို လက်နက်ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဉီး ထိမှန်ပွဲချင်းပြီးသေဆုံးသွားသည်။

ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁၃)လုံးထိခိုက်ပျက်စီးခဲ့ပြီဖြစ်ပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ကျောက်မဲမြို ၊ နောင်ချို၊ မိုးကုတ်မြိုနယ် ဒေသခံ သောင်းချီ ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်းသိရသည်။

စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဇွန်လ ၂၆ ရက်နေ့တွင်အရပ်သား (၄) ဉီးသေဆုံးပြီး (၁၅) ဉီးဒဏ်ရာရရှိခဲ့သလို ဇွန်လ ၂၅ ရက်နေ့ကလည်း ဒေသခံ(၂) ဉီးသေဆုံးပြီး (၅) ဉီးထိခိုက်ဒဏ်ရာရရှိသည်ဟုသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *