ခမ်းသားငေါဝ်း
ဇွန် ၂၉၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ တိုက်ပွဲ ၅ ရက်အတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီးတဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၃ ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ယနေ့တွင်ထုတ်ပြန်သည်။

ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုန်နှင့်မိုးမိတ်မြို့တိုက်ပွဲ ဇွန်လ ၂၅ ရက်မှ ၂၉ ရက်အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးအပါအဝင် ဗိုလ်ကြီး ၄ ဦး၊ တပ်ကြပ်ကြီး ၆ ဦး၊ ရဲတပ်ကြပ် (ယာဉ်ထိန်း) ၁ ဦး၊ တပ်ကြပ်ကြီး ၁၁ ဦး၊ ဒုတပ်ကြပ် ၉ ဦး၊ ရဲတပ်သား ၁ ဦးနှင့် တပ်သား ၁၉ ဦး စုစုပေါင်း ၅၃ ဦးတို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းတို့မှ လက်နက်မျိုးစုံ ၅၀ ကျော် သိမ်းဆည်းရမိထားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦး မှာလည်း TNLAထံသို့ ဇွန် ၂၆ ရက်က အလင်းဝင်ရောက်ခဲ့သေးသည်။

ဓာတ်ပုံ-TNLA
#ppv002
#တိုက်ပွဲ

Leave a Reply

Your email address will not be published. Required fields are marked *