ခမ်းသားငေါဝ်း
ဇွန်လ ၂၈၊ ၂၀၂၄

လားရှိုးမြို့တွင်လျှပ်စစ် မီးပြတ်တောက်နေသည့်အတွက် ဒေသခံများ အခက်ခဲဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့တွင် ဇွန်လ၂၆ ရက်မှစ၍လျှပ်စသ် မီးပြတ်တောက်နေပြီး အလုပ်လုပ်ရာနှင့် ချက်ပြုတ်ရာတွင် မီးစက်ကိုအသုံးပြုနေရကာ စက်သုံးဆီများလည်းစျေးတက်သည့်အတွက် ဒေသခံများ အခက်အခဲဖြစ်နေကြောင်းသိရသည်။

“အစ်မတို့ဆိုတော်တော်ဒုက္ခရောက်တယ် အကုန်လုံးကကုန်စျေးနှုန်းတက် ထမင်းလည်းအရင်က လျှပ်စစ်မီးနဲ့ပဲချက်နေကြဆိုတော့လေ Gas ဝယ်ဖို့ကျတော့လည်း စျေးလည်းတက်တယ် Gas တစ်ဘူးဆိုရင်တစ်ခါနှစ်ခါပဲသုံးရတယ်လေ အလုပ်မှာလည်း တော်တော်များများမီးလိုအပ်ကြတယ် စက်ပဲနှိုးပြီးသုံးနေကြရတော့အဆင်မပြေကြဘူး အကြာကြီးပြတ်သွားရင်တော့ ဘယ်လိုလုပ်ကြမလဲမသိဘူး”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

လားရှိုးမြို့တွင် ယခုကဲ့သို့လျှပ်စစ် မီးပြတ်တောက်သွားသည့်အတွက် ဒေသခံများစစ်ဖြစ်မည်ကိုပါစိုးရိမ်နေကြရပြီး မည်မျှကြအောင် ပြတ်တောက်မည်ကိုလည်းမသိရကြောင်း သိရပါသည်။

“ဘယ်လောက်ကြာမလည်းမသိဘူး တချို့လည်းတပတ်ကြာမယ် တချို့လည်း ၁၀ ရက်လောက်ကြာမယ် အမျိုးမျိုးပြောကြတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။

လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ကျောက်မဲ၊နောင်ချိုနှင့်မန္တလေးတိုင်းမိုးကုတ်မြို့တွင်TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီများအကြားတိုက်ပွဲပြင်းထန်နေကြောင်းသိရပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *

You missed