ခမ်းသားငေါဝ်း
ဇွန်လ ၂၈၊၂၀၂၄

နောင်ချိုမြို့ မြို့တွင်းစစ်ကောင်စီလက်အောက်အစိုးရရုံးများကို TNLA ပူးပေါင်းတပ်တို့ ဇွန်လ ၂၇ ရက်က တိုက်ခိုက် သိမ်းပိုက်စဥ် မြို့မရဲစခန်းအတွင်းမူးယစ်ဆေးဝါးပစ္စည်းနှင့် ယာမဆေးပြားဖမ်းဆီးရမိသည်ဟု TNLA သတင်းနှင့်ပြန်ကြားရေး ကသတင်းထုတ်ပြန်ထားသည်။

မြိုအတွင်းသို့ ဇွန်လ (၂၆)ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ဇွန်လ (၂၇)ရက်တွင် ဌာနဆိုင်ရာရုံးများအား လိုက်လံစစ်ဆေးကာ မြို့မရဲစခန်းတွင် အဆိုပါ မူးယစ်ဆေးဝါးများ ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ – ၁၁၄ တပ်စခန်းကို TNLA စစ်ကြောင်းမှ နံနက် (၆)နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် (၁၀)နာရီအချိန်တွင် အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

#ppv002
#TNLA

Leave a Reply

Your email address will not be published. Required fields are marked *