ခမ်းသားငေါဝ်း
ဇွန်လ ၂၈၊ ၂၀၂၄

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၅)တပ်စခန်းကို TNLAပူးပေါင်းတပ်တို့ သိမ်းပိုက်ပြီး လက်နက်ခဲယမ်း (၃၈၀) ကျော်သိမ်းဆည်းရမိကြောင်း TNLA သတင်း နှင့် ပြန်ကြားရေးမှ ဇွန်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်လိုက်ပါသည်။

နောင်ချိုမြို့ စစ်ကောင်စီ၏(၁၁၅)တပ်စခန်းကို TNLAနှင့် MDY-PDFပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ရရှိသည့်အချိန်တွင် စစ်စခန်းအတွင်း စစ်ကောင်စီအဖွဲ့၏ လက်နက်မျိုးစုံ(၃၅၀)ကျော်သိမ်းပိုက်ရရှိ​​ခြင်းဖြစ်သည်။

သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ MA-1 ၂၄ လက်၊ MA-2 ၁၃ လက်၊ MA-3 ၃၆ လက်၊ MA-4 ၃ လက်၊ M22 ၁ လက်၊ G3 ၁၀ လက်၊ ရိုင်ဖယ်သေ နတ် ၁၀၃ လက်၊ ကာဘိုင်သေနတ် ၁၅၉ လက် စသည့်ချေမှုန်းရေးလက်နက် စုစုပေါင်း ၃၄၉ လက်၊စက်လက်အသေး ၁၁ လက်၊ MA-15 (ငါးကြင်းမီး) ၁ လက်၊ 0.5 ၁ လက်၊ M79 ၁ လက် ၊ ၈၁ မမ ၁ လက်၊ ၈၁ မမ (နောက်ပွင့်) ၂ လက်၊ RPG-7 ၄ လက်၊ ၆၀ မမ ၂ လက်၊ ပြောင်းသေး ၆၀ မမ ၁၀ လက် တို့ကို သိမ်ဆည်းရမိပြီး လက်နက်ငယ် ကျည်အမျိုးမျိုး ၅၀,၀၀၀ ကျော် RPG ၊ ၆၀/၈၀ မမ ကျည်အမျိုးမျိုး၊ ၅၀၀ ကျော် ၊ ဗုံးသီး၊ မိုင်းနှင့် စကား ပြောစက်များ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် ဇွန်လ ၂၆ ရက်နေ့ နောင်ချိုမြို့ရှိ ကံ့ကော်တပ်စခန်းနှင့် တခြားတပ်စခန်းမှ လက် နက်မျိုးစုံ ၅၀ ကျော်ကိုလည်း သိမ်းဆည်းရမိထားကာ လက် နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲဝင် ၁၇ ဦးနှင့်အတူ လက်နက်မျိုးစုံ ၅၀ ကျော် သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *