ခမ်းသားငေါဝ်း
ဇွန် ၂၇ ၊ ၂၀၂၄

ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်ရာမှ ပြန်လာသူများကို PNO ပြည်သူ့စစ်က စစ်မှုထမ်းရန်ခေါ်ယူနေပြီး ငွေကောက်ခံနေကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကျေးရွာဖက်တို့တွင် ယခုဇွန်လအတွင်းတွင် စစ်ဘေးရှောင်ရာကနေမှ ပြန်လာကြသည့် ဒေသခံများကို တစ်အိမ်တစ်ယောက်စစ်မှုထမ်းသွားရန် PNO ပြည်သူ့စစ်က ခေါ်နေပြီး ငွေကြေးကောက်ခံနေသည်။

“မြို့ပေါ်တော့မကြားသေးဘူး ရွာဖက်တွေတော့ ခေါ်နေပြီ။ စိတ်ညစ်စရာအရမ်းအကောင်းတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ထိုအပြင် စစ်အသုံးစရိတ်အတွက် တစ်အိမ်ကို တစ်သိန်းခွဲ ထည့်ရပြီး ထိုင်းရောက်သူများ တစ်ယောက် ၅ သိန်း PNO ပြည်သူ့စစ်က ကောက်ခံနေကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ပြီးခဲ့သည့် မေလကစပြီး တိုက်ပွဲ ဖြစ်ပွားမှုနည်းလာခြင်းကြောင်း ဒေသခံများမြို့ထဲနှင့် ကျေးရွာဖက်တို့တွင် ပြန်လာနေထိုင်ကြကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *