ခမ်းသားငေါဝ်း
ဇွန် ၂၇ ၊ ၂၀၂၄

ကျိုင်းတုံ-မိုင်းပျဥ်းတောင်လမ်းတွင် ဇွန်လပိုင်းမှစပြီးမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပျက်စီးပြီး ကုန်တင်တွဲကားကြီးများရာနှင့်ချီ ပိတ်မိနေသေးကြောင်း ခရီးသွားကားမောင်းသမားထံမှ သိရသည်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ – မိုင်းပျဥ်းသွားလမ်းတွင် ကားများပိတ်ဆို့ပြီးနောက်အတက်အဆင်းကိုအချိန် ၂ နာရီတစ်ကြိမ်ဖြင့်ပြုလုပ်ပေးနေသော်လည်း ကုန်တင်တွဲကားကြီးများဆက်ပြီး ပိတ်မိနေသည်။

”သူတို့ကအတက်နဲ့အဆင်းကိုပုံသေလုပ်ပေးတာမျိုးမရှိဘူး၊အချိန်ကဖြင့်၂ နာရီတောင်မပြည့်သေးဘူးကားတွေကိုပြန်လွှတ်ပေးလိုက်တာ၊ အတက်ကားကမကုန်သေးဘူး၊ အဆင်းကားကိုလွှတ်လိုက်တော့ပိုဆိုးကုန်တာပေါ့ တစ်ဖန်ကားကြီးကပြန်ပြီးပိတ်မိနေရော”ဟုခရီးသွားကားမောင်းသမားကပြောသည်။

ယခုလက်ရှိတွင် ကုန်တင်ယာဥ်ကားကြီးများ ရာနှင့်ချိီပိတ်မိနေသည့်အတွက်ကြောင့် သွားလာရန်ခက်ခဲနေပြီး ခရီးသွားသည့်သူများ လမ်းတွင်ညအိပ်ရတာတွေလည်းကြုံနေရကြောင်း သိရသည်။

”လမ်းကပိတ်ပြီးဆိုရင်သွားလို့လည်းမရ ပြန်လို့လည်းမရတော့ လမ်းမှာပဲအိပ်လိုက်ရတယ်၊ ကားကြီးတွေဆိုရင် တစ်ပတ်လောက်တောင်ကြာတယ်၊သူတို့အတွက်ဆိုစာဖို့သောက်ဖို့ကခက်တယ်၊ ရွာတွေနားအိပ်ရရင်တော်သေးတယ်၊ တောထဲမှာဆိုရင်စားဖို့သောက်ဖို့ဆိုအရမ်းခက်ခဲတယ်၊ ကားပေါ်မှာပဲတော်တော်များများအိပ်လိုက်ရတယ်”ဟု၎င်းကဆက်ပြောသည်။

ရှမ်းမြောက်နှင့် မြဝတီလမ်းကြောင်းကုန်သွယ်မှုသည် တိုက်ပွဲဖြစ်ပွားပြီးနောက် ကုန်သွယ်မှု့အခက်အခဲဖြစ်နေသည့်အတွက် တရုတ်နှင့်ထိုင်းနိုင်ငံကသွင်းကုန်များ တောင်ကြီးနှင့်တာချိီလိတ်လမ်းကိုပဲ အသုံးပြုနေကြပြီး ကုန်တင်ကားကြီးများ ခရီးသွားကားလာမှုအရင်ကထက်ပိုပြီးများလာနေကြောင်း သိရသည်။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *