ခမ်းသားငေါဝ်း
ဇွန် ၂၇ ၊ ၂၀၂၄

ဆီဆိုင်မြို့နယ် ပင်ညိုးရွာအရှေ့ဘက် စာသင်ကျောင်းအနီး PNO ပြည်သူ့စစ်က ခရီးသွားသည့် သူများထံ ငွေကြေးကောက်ခံမှုပြုလုပ်နေကြောင်း ခရီးသွားပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ပင်ညိုးရွာနားတွင် ခွန်ထွိုက်အောင်း ဦးဆောင်သည့် PNO ပြည်သူ့စစ်အဖွဲက ကားကြီးတစ်စီး ၂ သောင်း၊ ကားငယ်တစ်စီး ၁ သောင်း၊ ဆိုင်ကယ်တစ်စီးလျှင် ၅ ထောင် ၃ ထောင်ကောက်ခံနေသည်၊၊

“အဲ့နေရာကနေကောက်နေတာကြာပြီ ဒီရက်ကပိုဆိုးတယ် ကားပေါ်၊ ဆိုင်ကယ်ပေါ်ကနေဆင်းခိုင်းပြီး သူတို့တဲထဲကိုခေါ်ပြီးတောင်းတာ ခါတိုင်းကလမ်းပေါ်ကနေပဲတောင်းတာ”ဟု ခရီးသွားပြည်သူတစ်ဦးကပြောသည်၊၊

ပင်ညိုးရွာအရှေ့ဘက် စာသင်ကျောင်းအနီးတွင် အွိုင်းပုံလောဝ်မှ ခွန်ထွိုက်အောင်းဦးဆောင်သည့် PNO ပြည်သူ့စစ်အဖွဲ့ ကင်းရှိနေပြီး ပင်ညိုးရွာအနောက်ဘက်တွင် PNO ပြည်သူ့စစ် ဗျူဟာအဖွဲ့ရှိနေကြောင်းသိရသည်၊၊

ဒေသခံတစ်ဦးကလည်း “ဗျူဟာအဖွဲ့ကတော့ မကောက်ဘူး အာ့လိုကောက်လို့သူတို့အချင်းစကားများကြသေးတယ် ပစ်ကြတော့မဲ့အထိပဲ”ဟု ပြောသည်၊၊

ယခုလိုခရီးသွားများထံ အခွန်ကောက်ခံခြင်းနှင့်ပတ်သက်ပြီး ခရီးသွားပြည််သူများမကဒေသခံ အပါအဝင် တစ်ချို့သော PNO အဖွဲ့ဝင်အချင်းချင်းလည်း မလိုလားကြကြောင်း သိရသည်၊၊

PPV001

Leave a Reply

Your email address will not be published. Required fields are marked *