ခမ်းသားငေါဝ်း
ဇွန် ၂၇ ၊ ၂၀၂၄

ကျေးရွာအတွင်း စစ်ပွဲဖြစ်ပွားသည့်အတွက် ပင်လောင်းမြို့နယ် တရွတ်မွူးရွာသားများဘေးလွတ်ရာသို့ ရွာလုံးကျွတ် တိမ်းရှောင်နေရ ကြောင်းဒေသခံထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း မြို့နယ် တရွတ်မွူးရွာထဲတွင် ဇွန်လ၂၄ ရက်နေ့မနက်ပိုင်းက စစ်ပွဲရုတ်တရက် ဖြစ်ပွားသည့်အတွက် ရွာသားများသည် အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ဘေး လွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

”ပစ္စည်းဆိုအကုန်မသယ်ရဘူး။တစ်ချို့ဆိုသယ်တောင်မသယ်ရဘူး။စစ်ပွဲကရေရှည်ဖြစ်မယ်ဆိုရင် စားနပ်ရိက္ခာ တွက်စိုးရိမ်ရမယ်”ဟုဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ရွာထဲရှိနေသည့်အခါတွင်လည်း ကျေးရွာတွင်စီးပွားရေး အဆင်မပြေကျဘဲ ယခုလို ရုတ်တစ်ရက်ရှောင်ရခြင်းကြောင်း အခက်ခဲပိုတွေ့နေကြရသည်ဟုသိရသည်။

ပင်လောင်းမြို့တောင်ဘက်တွင် လက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေလျှက်ရှိပြီး စစ်ဘေးရှောင်များ ပိုမိုများပြားလာနေလျှက်ရှိကြောင်း သိရသည်၊၊

PPV009

Leave a Reply

Your email address will not be published. Required fields are marked *