ခမ်းသားငေါဝ်း
ဇွန် ၂၇၊ ၂၀၂၄
ကေအဲန်ယူ-အုပ်ချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွန်လအတွင်း သံဃာတော် ၂ ပါးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို က ဇွန်လ ၂၆ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဇွန်လ ၂၁ ရက်နေ့တွင် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းလက်နက်ကြီးပစ်ခတ်ခဲ့ရာ ခရွဲကျေးနယ်၊ ခရွဲကျေးရွာ တောင်ကျောင်းဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲ ခဲ့ပြီး ကျောင်းထိုင်ဆရာတော်တစ်ပါး နှင့် ဦးဇင်းတစ်ပါးအပါအဝင် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။
ထို့အပြင် ဇွန်လ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီ ( အမတ ၃၁၀) တပ်ရင်းစခန်းမှ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကျောက်ဟတ်ကွင်းရှိ ဦးစိုးမင်းအောင် ခြံတဲ အနီးကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦးသေဆုံးခဲ့ ပြီး အသက် ၁ နှစ် ၅ လအရွယ် ကလေးမ တစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။
စစ်ကောင်စီတပ်စခန်းမှ ဇွန်လ ၂ ရက်နေ့ နှင့် ၁၂ ရက်နေ့တို့တွင် ကျိုက်ထိုမြို့နယ်ရှိ ဒေသခံပြည်သူနေထိုင်ရာများသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ လူနေအိမ်များထိလိုက်ပျက်စီးခဲ့ ပြီး ဇွန်လ ၁၄ ရက်နေ့တွင်လည်း လက်နက်ကြီး ၁၅ လုံးဝန်းကျင်ခဲ့ပစ်ခတ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်မှ နေ့တိုင်းလိုလို လူနေထိုင်ရာကျေးရွာများထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေတွင် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ တစ်သောင်း ကျော်ထိရှိကျောင်း ကေအဲန်ယူ ဗဟို မှ ထုတ်ပြန်ထားသည်။
PPV003