ခမ်းသားငေါဝ်း
ဇွန်လ ၂၆၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၄ ခုနှင့် စစ်သုံ့ပန့် ၁၇ နှစ်ဦးဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်လိုက်သည်။

နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစ သည့်မြိုနယ်များတွင် ဇွန်လ ၂၅ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့ တို့က တပြိုင်နက် ထိုးစစ်ဆင်တိုက်ခဲ့ခြင်းဖြစ်သည်။

(၂)ရက်တာတိုက်ပွဲအတွင်း ကျောက်မဲမြိုနယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသည့် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

နောင်ချိုမြိုနယ်ရှိ ရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများကို သိမ်းပိုက်ရရှိခဲ့ပြီး မိုးကုတ်မြိုနယ် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတိုအား အသီးသီးသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ (၅၁)လက်၊ RPG – 7 (၁)လက်၊ ၆၀ မမ (၁)လက်၊ စက်လတ် (၁)လက်၊ ကား (၂)စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိထားအပြင် ရန်သူ့အလောင်း (၂၀)နှင့် လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်သား (၁၇)ဦးကို ဖမ်းဆီးရမိခဲ့သည်TNLA သတင်းနှင့်ပြန်ကြားရေးက ဖော်ပြထားသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *