ခမ်းသားငေါဝ်း
ဇွန် ၂၇ ၊ ၂၀၂၄

ပင်လောင်းဒေသတွင် စစ်‌ဘေးရှောင်တိုးလာသည့်အတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများအရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းတောင်ဖက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားသည့်အတွက် ပြည်သူများ ထပ်မံတိမ်းရှောင်‌နေရပြီး နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ မလုံလောက်နေကြောင်းသိသည်။

“တိုက်ပွဲဖြစ်တာ့ရုတ်တရက် ပြေးလာကြတာ ဘာမှလည်းမပါလာကြဘူး အလှူရှင်တွေလည်းမရောက်တော့ စားနပ်ရိက္ခာတွဆို တော်တော်လိုအပ်တယ် နေရာထိုင်ခင်းလည်း မလုံလောက်ကြဘူး”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

တိုက်ပွဲအ‌ ခြေအနေမငြိမ်သက်ခြင်းကြောင့် စစ်ဘေးရှောင်အရေအတွက်တိုးလာနေပြီး စုစုပေါင်း အရေအတွက်ကိုမခန့်မှန်းနိုင် သေးကြောင်းလည်း ၎င်းကဆက်ပြောသည်။

စစ်ဘေးရှောင်အများစုသည် နောင်ဝိုး၊ လွယ်ကျိုင်း၊နမ်းဖာမူဒေသခံများဖြစ်ကြပြီး လက်ရှိတွင် ပင်လောင်းမြို့ပေါ်ရှိ ဘုန်းကြီးကျာင်တွင်တိမ်းရှာင်နေကြပြီး တချို့တွင် အမျိုးများ၏အိမ်တွင်လည်းတိမ်းရှောင်နေကြရကြောင်းသိရပါသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *