ခမ်းသားငေါဝ်း
ဇွန် ၂၆၊ ၂၀၂၄

ပင်လောင်းမြို့နယ် ညောင်မွူးကျေးရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းနှင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရွာသား ၃ ဦးဒဏ်ရရှိခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ညောင်မွူးကျေးရွာတွင် ဇွန်လ၂၂ ရက်နေ့ညနေပိုင်းအချိန်၌ ဦးကျော်လွင်ဦး ၃၀ နှစ်၏ နေအိမ်တွင် ဦးအောင်သန်း ၃၇ နှစ်၊ ခွန်အောင်မြင့်၂၀ နှစ် ၄င်းတို့သုံးဦး စကားထိုင်ပြောနေစဥ်စစ်ကေောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းနှင့်ဗုံး ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် ၃ ဦးစလုံးဒဏ်ရာ ရရှိခဲ့သည်။

“တစ်ယောက်ကဒဏ်ရာပြင်းထန်လို့ မနေ့ကတောင်ကြီးဆေးရုံကိုပိုလိုက်ပြီ ကျန်နှစ်ယောက်ကတော့ ပင်လောင်းဆေးရုံမှာပဲ ကုသနေပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်၊၊

ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ခွန်အောင်မြင့်ဒူးနှစ်ဖက်စလုံးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး၊ဦးအောင်သန်းတွင်ရင်ဘတ်ပွန်းခြစ်ဒဏ်ရာရှိခဲ့ကာ ဦးကျော်လွင်ဦးက ဝဲပေါင်နဲ့ဝဲခြေသလုံးပေါက်ပြဲပြီးဒဏ်ရာများရရှိခဲ့သဖြင့် ပင်လောင်းမြို့နယ်ပြည်သူ့ဆေးရုံမှာကုသစဥ် ဦးကျော်လွင်ဦးရဲ့ဒဏ်ရာမှာစိုးရိမ်ရတာကြောင့် တောင်ကြီးမြို့စဝ်းစံထွန်းဆေးရုံးကိုပြောင်းရွေ့ခဲ့ပြီးဆက်လက်ဆေးကုသခဲ့ကြောင်း သိရသည်၊၊

ပင်လောင်းမြို့တောင်ဖက်တွင် ဆက်လက်ပြီးတိုက်ပွဲဖြစ်ပွားနေသည့်အတွက်ကြောင့်ပြီးခဲ့သည့်ဇွန် ၁၉ ရက်တွင်လည်း သေဆုံးခဲ့သူ၊ ဒဏ်ရာရရှိခဲ့သူ၊ စစ်ဘေးရှောင်ရသူများလည်းရှိနေ‌ကြောင်းသိရသည်။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *