ခမ်းသားငေါဝ်း
ဇွန် ၂၆ ၊ ၂၀၂၄

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်ကပြည်သူ ၂ ဦးအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း PNLA ကဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လယ်ထွဲကျေးရွာတွင် ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာနေ လူငယ် ၃ ဦးကို ဇွန်လ ၂၀ ရက်နေ့၌ စစ်ကောင်စီနှင့် PNO ကဖမ်းဆီးခဲ့ရာ ၁ ဦးမှာထွက်ပြေးလွတ်မြောက်သွားပြီး အဖမ်းခံရသူ မိုးထက်နှင့် ကျော်လွင်ဦးဆိုသူ နှစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။

”ကျားတွန်ရွာက တောင်ရိုးတိုင်းရင်းသား စျေးရောင်းနေတဲ့လူပေါ့ ၊ သူတို့ လယ်ထွဲရွာမှာ လာရောင်းနေကြလို့ပြောတယ်၊ အဲ့မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်က ဖမ်းလိုက်တာ တစ်ယောက်ကတော့ လွတ်သွားတယ် နှစ်ယောက်ကတော့အသတ်ခံလိုက်ရတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ ကခမ်းသားငေါဝ်းကိုပြောသည်။

ယခုလို လက်နက်အားကိုးပြီး သာမန်ရောင်းဝယ်နေသည့် ပြည်သူများကို အကြောင်းနဲ့ဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းသည် အင်မတန်ရက်စက်ယုတ်မာသည့် လုပ်ရပ်သာဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။

ထို့အပြင်လွယ်မောတောင်ဒေသရှိ ပအိုဝ်းကျေးရွာများအား စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့၏ အသုံးစရိတ်ဟုဆိုကာ တစ်အိမ်ကို သုံးသောင်းကျပ်ကောက်ခံနေကြောင်းသိရသည်။

ဆီဆိုင်မြို့ အနောက်ဘက်ခြမ်း၊ တောင်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်း၊ အရှေ့မြောက်ဘက်ခြမ်းတို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *