ခမ်းသားငေါဝ်း

၂၆၊၆၊၂၀၂၄

ကျောက်မဲတွင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ၂၅ ရက် တအာင်းတပ်မတော် TNLA ထုတ်ပြန်ချက်အရ သိရသည်။

တအာင်းဒေသ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်နေ့ နံနက် (၅း၃၀)အချိန်မှစတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း ဒေသခံ (၂)ဉီးသေဆုံးကာ (၃)ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

စစ်ကောက်စီတပ်လက်နက်ကြီးထိမှန်မှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက်(၈)ရှိ အသက်(၄၂)နှစ်အရွယ် ကိုမျိုး သေဆုံးသွားပြီး၊အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဉီးလည်း ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ရပ်ကွက်(၉)ရှိ အမျိုးသမီးတစ်ဉီးလည်း ကျည်ဆံထိမှန်သေဆုံးသွားခဲ့ပြီး၊ ပန်ပေါင်းကျေးရွာတွင် အသက် (၁၄) နှစ်အရွယ် နန်းအွမ်ငင်းနှင့် နားအိုက်ခန့်ကျေးရွာရှိ ကြက်ခြံအစောင့် အမျိုးသားတစ်ဉီးသည်လည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ယခု မြို့နယ် (၃)မြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားနေသည့် မိုးကုတ်မြို့နယ်၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ‌ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ထုတ်ပြန်ချက်တွင်ပြောထားပါသည်။

#PPV005

You missed