ခမ်းသားငေါဝ်း
ဇွန် ၂၅ ၊ ၂၀၂၄
ရပ်စောက်မြို့နယ် လွယ်တင်ရွာဘက် တောထဲတစ်နေရာတွင် ဇွန်လ ၂၄ ရက် မနက် ၈ နာရီအချိန်က RCSS နှင့် SSPP တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် လွယ်တင်ရွာဘက်တောထဲတစ်နေရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့တိုက်ပွဲဖြစ်ပွားခဲ့သည်၊၊
“နည်းနည်းဝေးပါတယ်ပစ်ကြတာ ဆက်သေမြေမဲမြောက်ဘက် လွယ်တင်ရွာဘက်က တောထဲမှာပစ်ကြတာ (အင်ကျီအကျားနဲ့)RCSS ကတောင်ဘက်ကိုဆုတ်လာတယ်” ဟု ဆက်သေဒေသခံတစ်ဦးကပြောသည်၊၊
နှစ်ဘက်ထိခိုက်မှုအခြေအနေကိုတော့ မသိရကြောင်း ၄င်းကဆက်ပြောသည်၊၊
ယခုဇွန်လအတွင် RCSS နှင့် SSPP တို့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး RCSS မှ မိုင်းဆွဲတိုက်ခိုက်ခြင်း ၁၀ ကြိမ်ရှိကြောင်း ယခုတိုက်ပွဲဖြစ်ပွားပြီး လမ်းတွင်မပေါက်ကွဲသေးသည့်မိုင်းများ သိမ်းဆည်းရမိမှုရှိကြောင်း SSPP ကထုတ်ပြန်ထားသည်၊၊
PPV001