ခမ်းသားငေါဝ်း
ဇွန် ၂၅၊ ၂၀၂၄

မိုင်းပျဥ်းတောင်လမ်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးပြီး ကားများပိိတ်နေခြင်းကြောင့် သွားရလာရခက်ခဲနေကြောင်း ခရီးသွားကားမောင်းသမားထံမှ ဇွန် ၂၅ ရက်တွင် သိရသည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းတောင်သွားသည့်လမ်းတွင် မိုးစရွာပြီးကတည်းလမ်းများ ပျက်စီးပြီး၊လမ်းဘေးနံရံတွေပါပြိုကျသည့်အပြင် တချို့ကားမောင်းသမားရဲ့ တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့်လုယက်ပြီးမောင်းနကြသဖြင့် ကားများပိတ်ပြီးသွားလာရခက်ခဲနေသည်၊၊

“ကားလမ်းပိတ်ဆို့မှုနဲ့ လမ်းကျဥ်းတဲ့အခြေအနေကြောင့်မို့ နာရေးကားသွားဖို့လာဖို့တောင်အဆင်မပြေတော့လို့ လူနဲ့ပဲထမ်းပိုးခဲ့ရတာကိုမြင်ခဲ့တယ်”ဟုခရီးသွားကားမောင်းသမားကပြောသည်။

မိုင်းပျဥ်းတောင်တွင်လမ်းပျက်စီးပြီး လမ်းဘေးနံရံတွေပြိုကျမှုကြောင့် ကားစီးရေထောင်ကျော်ပိတ်ဆို့နေသည့်အတွက် တစ်လနီးပါးလောက်လမ်းခရီးသွားလာရန်ကြန့်ကြာမှုနှင့် လမ်းချော်မှုကြောင့် ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခြင်းများရှိနေကြောင်းသိရသည်။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *