ခမ်းသားငေါဝ်း
ဇွန် ၂၃ ၊ ၂၄

ပင်လောင်းဘက်တွင် ထွက်ရှိသည့် ဂျင်းဥမ ၁ ပိဿာ ၅ ထောင်ကျော်ထိစျေးကောင်းရနေကြောင်း စိုက်ပျိုးတောင်သူထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လိန်းညားကျေးရွာတွင် စိုက်ပျိုးသည့်ဂျင်း ယခုတွင် ဂျင်းဥမတစ်ပိဿာ ၅ ထောင် ၅ ရာထိဈေးကောင်းရနေသည်၊၊

”အရင်နှစ်ဆို ၁ ပိဿာ၂၀၀၀၊ ၃၀၀၀ဘဲရောင်းရပြီးဒီနှစ်မှာတော ၁ ပိဿာ ၅၅၀၀ စျေးနဲ့ရောင်းရတယ်”ဟု ဂျင်းစိုက်ပျိုးတောင်သူ တစ်ဦးကပြောသည်၊၊

ဂျင်းစိုက်တောင်သူများက လက်ကားဈေးကို ၅ ထောင် ၅ ရာရသော်လည်း ပင်လောင်းဈေးတွင် လက်လီဈေးတစ်ပိဿာ တစ်သောင်းနှင့်အထက်ဈေးရှိနေကြောင်းသိရသည်၊၊

၂၀၂၂ ခုနှစ်တွင် ဂျင်းဈေးတစ်ပိဿာ ၂၅၀၊ ၃၀၀ ထိသာဈေးရရှိခဲ့သည့်အတွက် တောင်သူများအရှုံးပေါ်ခဲ့ပြီး ယခုနှစ်ထွက်မည့်ဂျင်းများ ဈေးမကျပဲဈေးကောင်းရရန် တောင်သူများမျှော်လင့်နေကြသည်၊၊

ဂျင်းကို ၃ လပိုင်းတွင်စတင်စိုက်ပျိုးကျပြီး ဂျင်းဥမကို ၆ လပိုင်းအချိန်တွင်ထုတ်ကြကာ ၁၁ လပိုင်းအချိန်တွင် ဂျင်းဥအသစ် တူးထုတ်ရောင်းနိုင်သည်ဟု သိရသည်၊၊

PPV009

Leave a Reply

Your email address will not be published. Required fields are marked *