ခမ်းသားငေါဝ်း
ဇွန် ၂၅ ၊ ၂၀၂၄

ချိန်ကိုက်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဆက်သေရွာသားလူငယ်၂ ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ၂၅ ရက်နေ့တွင် ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆက်သေရွာအမျိုးသားလူငယ် ၆ ဦးသည်ဇွန်လ၂၄ ရက်ညနေ ၆ နာရီအချိန်တွင် ဘောလုံးကန်ပြီးအပြန် ဘုရားကုန်းရွာ မြောက်ဘက် တံတားပေါ်တွင် ချိန်ပိုက်ဗုံးဖြင့်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ဖောက်ခွဲတဲ့စစ်သားတွေက RCSS ဖက်ကလို့ပြောတယ်။အခုတော့သူတို့က ရွာသစ်ကျိုင်းခမ်းဖက်ကို ထွက်ပြေးသွားပြီ။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသွားသောသူသည် ခွန်မောင်ရွှေ အသက် ၁၇ နှစ်နှင့် ခွန်ပန်းအောင် အသက် ၁၉ နှစ်တို့ဖြစ်ကြကြောင်းသိရသည်။

ဇွန်လ ၂၄ ရက်နေ့ ၈ နာရီအချိန်တွင် ရှမ်းပြည်ပြန်လှည်ထူထောင်ရေး RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ ဆက်သေမြေမဲမြောက်ဘက် လွယ်တင်ရွာဘက်တောထဲတစ်နေရာ၌ တိုက်ပွဲဖြစ်ပွားပြီး RCSS ကတောင်ဘက်သို့ ဆုတ်ခွါလာမှုရှိကြောင်း သိရသည်၊၊

နောက်ဆက်သေဒေသခံတစ်ဦးကလည်း ” RCSS ကဒီတောင်ဘက်ကိုဆုတ်လာတဲ့ချိန် SSPP လိုက်လာမှာစိုးပြီး လမ်းမှာမိုင်းတွေထောင်တာ”ဟုပြောသည်၊၊

ယခုဇွန်လအတွင်းတွင် RCSS နှင့် SSPP တို့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး RCSS မှ မိုင်းဆွဲတိုက်ခိုက်ခြင်း ၁၀ ကြိမ်ရှိပြီး ယခုတိုက်ပွဲဖြစ်ပွားပြီး လမ်းတွင်မပေါက်ကွဲသေးသည့်မိုင်းများစွာ သိမ်းဆည်းရမိမှုရှိကြောင်းလည်း SSPP က ယနေ့တွင် ထုတ်ပြန်ထားသည်၊၊

ယခုဖြစ်စဥ်နှင့်ပတ်သက်ပြီး ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA ကတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်၊၊

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *