ခမ်းသားငေါဝ်း
ဇွန် ၂၃၊ ၂၀၂၄

နောင်ကားရွာတွင် PNO ပြည်သူ့စစ်က ပြည်ပရောက်သူများထံ ငွေ ၄ သိန်းကောက်ကောက်ခံပြီး မထည့်ပါက ရွာထဲတွင်ကျန်ခဲ့သည့် မိသားစုများအား ခြိမ်းခြောက်နေကြောင်းဇွန်လ၂၃ ရက်နေ့တွင် ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ နောင်ကားရွာတွင် PNOပြည်သူ့စစ်က ပြည်ပရောက်သူများထံ ငွေ ၄ သိန်းကောက်ကောက်ခံပြီး မထည့်သည့်သူများအား PNOပြည်သူ့စစ်က ရွာထဲတွင်ကျန်ခဲ့သည့် မိသားစုများကို ခြိမ်းခြောက်နေသည်။

“PNO ကစစ်အသုံးစရိတ်အတွက်ဆိုပြီး ပြည်ပရောက်နေတဲ့သူတွေ အသက် ၁၈ ကနေ ၃၅ ကြားတစ်ယောက် ၄ သိန်းထည့်ပြန်ပေးရတယ်။တကယ်လို့ မပေးရင် အိမ်က ကျန်ခဲ့တဲ့ မိဘတွေ တာဝန်ယူရလိမ့်မယ်”ဟု အစည်းဝေးခေါ်ယူပြီးပြောဆိုခဲ့ကြောင်း နောင်ကားရွာခံတစ်ဦးကပြောသည်။

ယင်းငွေထည့်ရမှုသည် ဝါဆိုလပြည့်တွင် တစ်ရစ်အဖြစ် ၂ သိန်း အကြေထည့်ရမည်ဖြစ်ပြီး နောက်တစ်ရစ် ၂ သိန်းသည် တန်ဆောင်မုန်းလပြည့်တွင် အကြေထည့်ရမည်ဖြစ်ကြောင်း သိရသည်။

“သူတို့တွေ ပြည်ပရောက်နေတဲ့သူတွေကို စာနာစေချင်တယ်။ မရှိကြလို့သူများနိုင်ငံရောက်ရတာ။ကိုယ်ဒေသမှာ ပြန်လုပ်စားရတာ မလွယ်လို့ သူများနိုင်ငံသွားရတာ။သူတို့ကောက်တာ ဒါအမျိုးမဟုတ်ဘူးလေ။ဒါမျိုးကောက်တာလည်း လူငယ်တွေကမကြိုက်ကြပါဘူး”ဟု ၄င်းကဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လတွင်လည်း နောင်ကားကျေးရွာတွင် PNOပြည်သူ့စစ်က စစ်အသုံးစရိတ်အတွက် ငွေငါးသောင်းကောက်ခံခဲ့သေးကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *