ခမ်းသားငေါဝ်း
ဇွန် ၂၃၊ ၂၀၂၄

ဆီဆိုင်မြို့နယ်ထီရီးကျေးရွာတွင် PNO ပြည်သူ့စစ်အတွက်နေ့စဥ်တစ်အိမ်လျှင်ထမင်း၂ ထုပ်ဆီပို့ပေးနေရသဖြင့် အခက်အခဲရှိလာနေကြာင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထီရီးကျေးရွာတွင် ပြည်သူ့စစ်အတွက်အိမ်တစ်အိမ်လျှင်ထမင်း၂ ထုပ်ဆီနေ့စဥ် ပို့ပေးနေရသည်မှာ တစ်လကျော်ခန့်ရှိခဲ့ပြီဖြစ်သည်၊၊

“ရွာကလူတွေက အဆင်ပြေတဲ့ဟင်းကိုပဲပို့လို့မရဘူး သူတို့ PNA ဖက်ကသတ်မှတ်တဲ့ဟင်းကိုပဲပို့ပေးနေရတော့ ကုန်ကျစရိတ်လည်းများတာပေါ့နော် ဟင်းကလည်းအသားဟင်းတွေပဲစားတယ် ထမင်းကိုလဲနေ့တိုင်း၂ နပ်စာပို့ပေးနေရတယ် ထမင်းထုပ်မပို့ပေးနိုင်တဲ့သူတွေဆိုခြိမ်းခြောက်တယ်”ဟုဒေသခံတစ်ဦးက ပြောသည်၊၊

ထို့သို့နေ့စဥ်ထမင်းထုပ်ပို့ပေးနိုင်ရန် တချို့အဆင်မပြေသူများက အဆင်ပြေသူများထံ ချေးငှားပြီးပို့ပေးနေရတာတွေလည်းရှိကြောင်းသိရသည်၊၊

“အလုပ်လုပ်ပေးခါကျ စစ်တပ်တွေအတွက်လုပ်ပေးတယ် ငွေကြေးလိုအပ်ခါကျပအိုဝ်းပြည်သူလူထုတွေနားတောင်းတယ် သူတို့ကြောင့်နဲ့ဝင်ငွေပိုင်းနဲ့စီးပွားရေးပိုင်းမှာခက်ခဲလာတယ် ကျေးဇူးကလဲကန်းနေသေးတယ်”၄င်းကဆက်ပြောသည်။

ဆီဆိုင်မြို့ဖက်တွင် တိုက်ပွဲအနည်းငယ်ငြိမ်နေသေးသော်လည်း ဆီဆိုင်မြို့နယ်အတွင်းလွယ်မောတောင်ဒေသဖက်တွင် တိုက်ပွဲပြင်းထန်နေပြီးပြည်သူများလွတ်မြောက်ရာတောတောင်ထဲသို့ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိကြောင်းသိရသည််။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *