ခမ်းသားငေါဝ်း
ဇွန်လ၂၁၊၂၀၂၄

အပြစ်မဲ့ ကုန်းဆွတ်ရွာအမျိုးသား လူငယ် ၄ ဦးကိုစစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင်မျက်မြင်သူများထံမှ သိရသည်။

ကယား(ကရင်နီ)ပြည် ၊လွိုင်ကော်မြို့နယ်၊ကုန်းဆွတ်ကျေးရွာနေ လူငယ်အမျိုးသားလေးဦးကို ဇွန်လပထမပတ်အတွင်းတွင် စစ်ကောင်စီကလှမ်းခေါ်ပြီး ထွက်ပြေးသွားသဖြင့် စစ်ကောင်စီက လိုက်ဖမ်းပြီးနောက် ဖမ်းမိသည့်အချိန်တွင် စစ်ကောင်စီကသေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

“ဗမာစစ်သားကပစ်သတ်တာဖြစ်တယ်။သူတို့ လူပျိုအရွယ်တွေ စစ်သားခေါ်တာ သူတို့ကကြောက်ပြီးထွက်ပြေးသွားတာ။စစ်ကောင်စီကလည်း PDFလို့စွပ်စွဲပြီးလိုက်ဖမ်းတာ မိပြီးနောက် အကုန်ပစ်သတ်ခဲ့တယ်”ဟု မျက်မြင်ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုပစ်သတ်ခံရသည့် ရွာသားလေးဦးကို PNO ပြည်သူ့စစ် ပြန်ကြားရေးတာဝန်ခံ ဆန်းအောင်က PDF ပစ်သတ်ခဲ့သည်ဟု လူမှုစာမျက်နှာတွင် လိမ်လည်ပြောဆိုခဲ့သည်ဟု သိရသည်။

သေဆုံးသွားသည့်ရွာသားသည် ခွန်စံလော်၊ခွန်စည်သူနိုင်၊ခွန်ဦးမျို့၊ခွန်ပေါ်ဦး(ခ)တဗွုတ် တို့ဖြစ်ပြီး အသက်၂၀ကျော်အရွယ် လူငယ်များဖြစ်ကြောင်း သိရသည်။

ကုန်းဆွတ်ရွာသားများအချို့သည် စစ်ကောင်စီ နှင့် ​PNO ပြည်သူ့စစ်က လိုက်လံဖမ်းဆီးမှုပြုလုပ်သည့်အတွက် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသူလည်းရှိသည်ဟု ပြည်ပရောက်ဒေသခံထံကသိရသည်။

ပြီးခဲ့သည့်၂၀၂၂ခုနှစ်ကတည်းက ကျေးရွာထဲ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွာသားလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရာ တိမ်ရှောင်ကာလအတွင်းတွင် အဆင်မပြေမှုများကြောင့် ကျေးရွာထဲ တိုက်ပွဲဖြစ်ပွားမှုရှိသော်လည်း ၂၀၂၄ ခုနှစ်စပိုင်းတွင် ဒေသခံများက ရွာထဲပြန်လာနေကြကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်၍ ကုန်းဆွတ်ရွာနေ အသက် ၅ နှစ်ဝန်းကျင်ကလေးတဦးသေဆုံးပြီး နေအိမ်မီးလောင်မှုဖြစ်ပွားကာ ဒေသခံ များစစ်ဘေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။

ကုန်းဆွတ်ကျေးရွာသည် အိမ်ခြေ၂၄၀ ရှိပြီး ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ကြကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *