ခမ်းသားငေါဝ်း
ဇွန်လ ၂၂၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက် ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ( ၇ )နယ်မြေ( ၆ )ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက်ကြွင်းကျန်တစ်ခုပေါက်ကွဲမှုကြောင့် အသက် ၁၂ အရွယ်ကလေး လက်နှစ်ဖက်ပြတ်ဒဏ်ရာရပြီး ၃ ဦးအပြင်းထန်ဒဏ်ရာရသွားကြောင်း TNLA က ဇွန်လ ၂၁ ရက်နေ့တွင်ထုတ်ပြန်ထား သည်။

အဆိုပါကလေးငယ်များသည် ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့် စစ်လက်နက်ကြွင်းကျန်ပစ္စည်းတစ်ခုအား ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်နှစ်ဖက်ပြတ်သည့် ကလေးငယ်သည် မျက်လုံးပါထိခိုက်ခဲ့ပြီး ကျန်သည့်ကလေးငယ်များက နဖူး၊ ခြေထောက်၊ မျက်နှာ စသည့်နေရာများတွင် ဒဏ်ရာအသီးသီးရသွားသည်ဟု သိရသည်။

အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိထားပြီး ကလေးငယ်များအားလုံး လားရှိုးဆေးရုံတွင်ဆေးကုသမှူခံယူနေကြောင်းသိရသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *