ခမ်းသားငေါဝ်း
ဇွန် ၂၀ ၊ ၂၀၂၄

လက်ဖက်စျေးများ ယခင်ထက် စျေးကျလာသည့်အတွက် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် လက်ဖက်ခြောက်သည် ယခင်က တစ်ပိဿာလျှင် ၁ သောင်းကျော်ရသော်လည်း ယခုတွင် တစ်ပိဿာတစ် ၈၀၀၀ ကျပ်အထိသာရရှိနေပြီး အခြေခံစားသုံးကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် လက်ဖက်စိုက်တောင်သူများ အခက်ခဲကြုံတွေ့နေကြောင်းသိရပါသည်။

“ကျွန်မတို့ဒေသဆိုရင် ခုချိန်လက်ဖက်ပဲထွက်တယ် မိုးရာသီလည်းဖြစ်တော့ လှမ်းရတာအခက်အခဲဖြစ်တယ် စျေးကလည်း မရှိဘူး ခူးတဲ့အခါမှာလည်း ရင့်ကုန်မှာဆိုးလို့ လူခေါ်ရတယ် ရတဲ့စျေးနဲ့ ခုလက်ရှိကုန်စျေးနှုန်းနဲ့မကိုက်ဘူး”ဟု လက်ဖက်စိုက်တောင်သူတစ်ဦးကပြောသည်။

ပင်လောင်းဒေသတွင် လက်ဖက်အမြောက်အများထွက်ရှိပြီး လက်ဖက်တစ်မျိုးသာစိုက်ပျိုးသည့်ဒေသများတွင် စျေးကျသည့်အချိန်များ၌ ပို၍အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *