ခမ်းသားငေါဝ်း
ဇွန် ၂၀၊ ၂၀၂၄
ဆီဆိုင်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်အတွက် ငွေငါးသိန်းအတင်းအဓ္ဓမကောက်ခံခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ဆီဆိုင်ကြီး(ဝါးတော)ကျေးရွာတွင် စစ်ရှောင်ရာမှပြန်လာသည့် ပြည်သူများထံ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ တစ်အိမ် ၅ သိန်းကျပ် စစ်စရိတ်ဆက်ကြေးကောက်ခဲ့ကြောင်းဆိုထားသည်။
“ဒါကတော့တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ်။ စစ်အာဏာရှင်ပြုတ်ကျမှ ဒီဒုက္ခကနေ လွှတ်မြှောက်မှာဖြစ်တယ်”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLAမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။
ထို့အပြင်နိုင်ငံခြားထွက် အလုပ်လုပ်သည့် အိမ်များကို စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်က ဆက်ကြေးတစ်အိမ် ၈ သိန်းကျပ် ကောက်ခံနေကြောင်းထုတ်ပြန်ချက်တွင်ပြောထားသည်။
ထို့အပြင်ရွာသားများကို စစ်သားအတင်းအဓ္ဓစုဆောင်းနေပြီး ဆီဆိုင်မြို့ ဘုရားဖြူဘောလုံးကွင်းတွင် စစ်သင်တန်းသင်ပေးနေကြောင်း သိရသည်။
စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ် ကောက်ခံသည့် စစ်အသုံးစရိတ် တအိမ် ၅ သိန်းကျပ်ကို တခါတည်းမထည့်နိုင်သဖြင့် ၂ ကြိမ်ခွဲထည့်ခိုင်းရာ ဇွန်လ ၁၉ ရက်နေ့တွင် တကြိမ်ထည့်ခဲ့ရပြီး ကျန်သည့် နှစ်သိန်းငါးသောင်းကျပ်ကို လကုန်ရက် အပြီးထည့်ရမည်ဟု ပြည်သူ့စစ်များက ဒေသခံများကို ပြောဆိုထားသည်။
#PPV005