ခမ်းသားငေါဝ်း
ဇွန် ၂၀၊ ၂၀၂၄

စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့ ၃ နာရီအချိန်တွင် ဒရုန်းနှင့်လာပစ်ခတ်ခြင်းကြောင့် လွယ်ကျိုင်းဘုန်းကြီးကျောင်းရှိ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စုရှိ လွယ်ကျိုင်းရွာတွင် စစ်ကောင်စီက လွယ်ကျိုင်းဘုန်းကြီးကျောင်းတွင် ဒရုန်းလာပစ်ခတ်ခြင်းကြောင့် ဦးဇင်းအရှင်နေမိန္တ(လောဝ်ခမ်း) အသက် ၃၉ နှစ်ပျံလွန်တော်မူပြီး ပြည်သူ(၅)ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်၊၊

”ဦးဇင်းရဲ့အလောင်းကို အရှေ့ဘက်ကမ်းလွယ်ပေါရွာမှာ သင်းဂြိုလ်ပေးပြီး ကျန်ဒဏ်ရာရသူ(၅)ဦးကဆေးရုံသွားတဲ့လူလည်းရှိတယ် မသွားတဲ့လူလည်းရှိတယ်”ဟုဒေသခံတစ်ဦးက ပြောသည်၊၊

လွယ်ကျိုင်းရွာသူရွာသားများသည် ပင်လောင်းမြို့ပေါ် ဘုန်းကြီးကျောင်းတွင်ရှောင်လာကြကြောင်း ပင်လောင်းတောင်ဘက် တကြောတွင် တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ဒေသခံများစစ်ဘေးရှောင်နေကြရကြောင်း သိရသည်၊၊

PPV009

Leave a Reply

Your email address will not be published. Required fields are marked *