ခမ်းသားငေါဝ်း
ဇွန် ၂၀၊ ၂၀၂၄

စစ်ကောင်စီ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် မိုးဦးရွာ မူလတန်းကျောင်းသားများဖြစ်သည့် မအေးနှင့် မောင်ဖိုးသောကြာတို့ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နမ်းဖာမူရွာနေ ဦးဒေါင့်လည်း ထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်နောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဖက် နမ်းဖာမူ၊ မိုးဦးရွာဘက်တစ်ကြောတွင်ဇွန်လ ၁၉ ရက်နေ့အချိန် စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိ ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် ဒေသခံနှင့် ကျောင်းသားများထိခိုက်ဒဏ်ရာရရှိခဲ့သည်၊၊

“မိုးဦးကညနေ ၃ နာရီဝန်းကျင်မှာ ၆ ကြိမ်ပစ်လာတာ။နမ်းဖာမူတွေဖက် အကြိမ်ရေ ပိုများတယ် ခုမနက်လည်းပစ်နေတုန်းလဲ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသောသူများသည် ယခုတွင် နီးစပ်ရာဆေးရုံတွင် ဆေးကုသနေရပြီး ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရကြောင့်လည်း ၄င်းကဆက်ပြောသည်။

တစ်ရက်တည်းမှာပင် စစ်ကောင်စီလက်နက်ကြီးကျပြီး ဆောင်လန်စစ်ရှောင်စခန်းရှိ ကလေးငယ်နှစ်ဦး နှင့် ဗန်းမောက်ရွာ ဒေသခံတစ်ဦးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သေးကြောင်းသိရသည်။

ပင်လောင်းမြို့တောင်ဖက်တွင် ပြီးခဲ့သည် ဇွန်လ ၁၇ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲအတွင်းဒေသခံများစွာ ပိတ်မိနေကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *