ခမ်းသားငေါဝ်း
ဇွန် ၁၉၊ ၂၀၂၄

စစ်ကောင်စီလက်နက်ကြီးကျပြီး ဆောင်လန်စစ်ရှောင်စခန်းရှိ ကလေးငယ်နှစ်ဦးနှင့် ဗန်းမောက်ရွာခံအမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ရွာနှင့် ဆောင်လန်ရွာတို့တွင် ယနေ့မနက်ပိုင်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် စစ်ရှောင်ကလေးငယ်နှစ်ဦးနှင့် ရွာခံအပါအဝင်သုံးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ရှောင်ကလေးငယ်တစ်ဦးက ပါးထိတယ်။ဒဏ်ရာကအရမ်းပြင်းနေတော့ သူအသက်ရှုကြပ်နေတယ်။ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်။နောက်ဗန်းမောက်ရွာခံတစ်ဦးကျ ခြေထောက်က လက်နက်ကြီးအစထုတ်မရဘူး ဒဏ်ရာလည်းပြင်းထန်တယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းသတင်းငှာနကိုပြောသည်။

ယခုတွင် ဒဏ်ရာရှိရရှိသူများသည်နီးစပ်ရာ ဆေးရုံးတွင်ဆေးကုသလျက်ရှိကြောင်း သိရသည်။

ထပ်မံပြီး လက်နက်ကြီးဆက်တိုက်ကျမှုကြောင့် ဒေသခံနှင့် စစ်ရှောင်များ အမြန်ထွက်ပြေးတိမ်းရှောင်ရခြင်းကြောင့် ဆိုင်ကယ်မှောက်ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်းရှိကြောင်း၄င်းကဆက်ပြောသည်။

ပင်လောင်းမြို့တောင်ဖက်တွင် ပြီးခဲ့သည် ဇွန်လ ၁၇ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲအတွင်းဒေသခံများစွာ ပိတ်မိသူများရှိနေကြောင်းသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *