ခမ်းသားငေါဝ်း

ဇွန် ၁၉၊ ၂၀၂၄

ရှမ်းပြည်မြောက်ပိုင်း၊နောင်ချို့မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း TNLA က ဇွန်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆမ္မဆယ် ရွာဘက်သို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းရှိရာသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့ညနေပိုင်းတွင်လည်း လက်နက်ကြီး ၃ ကြိမ်ပစ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ဇွန်လ ၉ ရက်နေ့တွင်လည်း တအောင်းပြည်မိုးမိတ်မြို့နယ်၌ စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးဖြင့် မန်ပိန်း နှင့် ပန်တင်ကြားတွင် လာရောက်ကြဲချခဲ့ရာ TNLA တပ်သား ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကိုအကြိမ်ကြိမ်ချိုးဖောက်ပြီး TNLA တပ်တည်ရှိရာများကို နေ့စဥ် လက်နက်ကြီးပစ်ခတ်မှုများဆက်တိုက်ပြုလုပ်နေကြောင်း TNLA ကထုတ်ပြန်ချက်တွင်ပြောဆိုထားသည်။

PPV003

You missed