ခမ်းသားငေါဝ်း
ဇွန် ၂၀ ၊ ၂၀၂၄

မြဝတီမြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ စုကလိစစ်ဆင်ရေးခြေကုတ်စခန်းကို ဇွန်လ(၁၈)ရက်နေ့၌ KNLAနှင့် ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်ထားသည်ဟု Kawthoolei Todayက ဇွန်လ(၁၉)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ကရင်ပြည်နယ်၊ ကော်သူးလေရာမတီးမြို့(မြဝတီ) တောင်ဘက်ရှိ ၎င်းစစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့်ရက်ပိုင်းမှစကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)နှင့် ပူးပေါင်းတပ်ဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့ပြီး အပြီးသိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ထိုးစစ်ဆင်တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်ဘက်မှ ဝေါလေ ဗျူဟာကုန်းလက်နက်ကြီးများ၊ လေကြောာင်းဖြင့်စစ်ကူများပေးခဲ့သော်လည်း စစ်ကောင်စီ ခမရ(၅၅၆)တပ်ရင်းနှင့် ခလရ(၃၂)တပ်တို့ ပူးတွဲထိုင်ထားသည့် စုကလိတပ်စခန်းကို KNLA/KNDO တော်လှန်ရေးပူးပေါင်းတပ်များမှ အရသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် စုကလိကတပ်စခန်းမှထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများအား ရှာဖွေရေးပြုလုပ်နေပြီး ၎င်းတပ်စခန်းအနီးတဝိုက်နှင့် မုလအိဘက်တွင် နယ်မြေရှင်းလင်းရေးများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#PPV007

You missed