ခမ်းသားငေါဝ်း
ဇွန် ၁၈၊ ၂၀၂၄

သကြားပြောင်းများ ယခင်နှစ်ထက်စျေးကောင်းရနေသော်လည်း စိုက်ပျိုးသူနည်းနေကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဘန်းကွေးကျေးရွာအုပ်စု မြေနီကုန်းထွက် သကြားပြောင်းများ ယခင်ထက်စျေးရနေသော်လည်း ကုန်ကျစရိတ်များသည့်အတွက် စိုက်ပျိုးသူနည်းနေသည်ဟု သိရသည်။

“စျေးကတော့အရင်နှစ်ထက်ပိုရတယ် ဒါပေမယ့် မြေသြဇာလည်းစျေးကြီးတော့ မကိုက်ဘူး အရင်းတွေအများကြီးကုန်တော့ သိပ်မစိုက်ကြတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခင်က သကြားပြောင်းတစ်အိတ်လျှင် တစ်သောင်းမှ နှစ်သောင်းကျပ်အထိသာရရှိနေပြီး ယခုတွင်မူ တစ်အိတ်လျှင် ၅ သောင်း ၆ သောင်းကျပ်အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စိုက်ပျိုးရေးလုပ်ရန် သွင်းအားစု ကုန်ကြမ်းစျေးများ စျေးနှုန်းမြင့်တက်နေပြီး စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *