ခမ်းသားငေါဝ်း
ဇွန် ၁၈၊ ၂၀၂၄

လဲလောင်းရွာအနီးတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားစဥ် အမည်မသိအမျိုးသားတစ်ဦးသေဆုံးပြီး မိသားစုနှင့်ဆက်သွယ်မရခဲ့ကြောင်း တစ်သီးပုဂ္ဂလလူမှု့ကယ်ဆယ်ရေးအသင်းထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လဲလောင်းရွာအနီး ဂျာမနီလမ်းပေါ် တွင် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး အမည်မသိ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ဆေးရုံဘတစ်ခုပေါ်တွင်သေဆုံးသွားခဲ့သည်၊၊

“သူကဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။သူကဖြေးဖြေးမောင်ပေမယ့် တစ်ဖက်ဆိုင်ကယ်ကလူ အရမ်းမူးနေတော့ အရှိန်နဲ့ဝင်တိုက်တာ ကျွန်တော်တို့နားရောက်တော့ ဆိုင်ကယ်ယော လူယော မတွေ့တော့ဘူး လူနာဘဲတွေ့တယ် ကျွန်တော်တို့လည်း ဆေးရုံပို့ပြီး တစ်ရက်အကြာမှာဘဲ ဆုံးသွားတာ။ သူကဖုန်းပါပေမယ့်ဖုန်းကလုံးဝပျက်သွားတဲ့အခြေအနေဖြစ်နေတယ် “ဟုတစ်သီးပုဂ္ဂလလူမှုကယ်ဆယ်ရေးအသင်း ခွန်းရာဇာမောင်ကပြောသည်။

သေဆုံးသွားသော သူသည် ၎င်း၏ဆွေမျိုးသားချင်းများနှင့်လည်း အဆက်သွယ်မရဘဲ ဆေးရုံထဲတွင် ဆယ်နာရီကျော်ကြာမြင့်သည့် ထိ ၎င်း၏Dead bodyအားသွားရောက်သယ်ယူသူမရှိခြင်းကြောင့် ဇွန်လ ၁၇ ရက် ညတွင် ဖယ်ခုံမြို့နယ် အနောက်ဖက် ကျေးရွာတစ်ရွာသုသန်တွင် သဂြိုလ်ပေးခဲ့ရကြောင်း၄င်းကဆက်ပြောသည်။

သေဆုံးသွားသောသူသည် အသက် ၅၅ အရွယ် ဖြစ်ပြီး လွယ်အိတ်1လုံး၊Vivo ဖုန်း1လုံး၊ ဖွင့်လို့မရတော့အောင်ပျက်နေသည့် ၊MPTဆင်းကဒ် 1ခု၊Mytel ဆင်းကဒ် 1ခု၊ပိုက်ဆံ 12,000ကျပ်၊ ခါးပတ် 1ချောင်း၊ ခေါင်းလျှော်ရည် 2 ထုပ်နှင့်လက်ယာကွမ်းထုပ် 1 ထုပ် ပါရှိကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *

You missed