ခမ်းသားငေါဝ်း
ဇွန် ၁၈၊ ၂၀၂၄

ပင်လောင်း၊နောင်တရားတွင် ထွက်ရှိသည့်အာလူးများ စျေးမရှိသည့်အတွက် စိုက်ပျိုးသည့် တောင်သူများအခက်အခဲဖြစ်နေကြောင်း အာလူးစိုက်တောင်သူထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း ၊ နောင်တရားတွင် ယခုရက်ပိုင်း အခြားကုန်စိမ်းစျေးနှုန်းများအဆမတန်စျေးတက်နေသော်လည်း အာလူးစျေးမရှိသည့်အတွက် အာလူးစိုက်တောင်သူများ ကုန်ကျသည့်အရင်းနှင့်တွက်ခြေမကိုက်ပဲ အခက်ခဲဖြစ်နေသည်။

“ပန်းဂေါ်ဖီထုပ်တစ်ထုပ်ဆိုရင် ၃၀၀၀ ကျပ် ၄၀၀၀ ကျပ်အထိရှိနေပြီ အာလူးကျတော့စျေးနည်းနည်းပဲတက်တယ် မြေသြဇာစျေးကလည်းတစ်သိန်းကျော်နဲ့နှစ်သိန်းကြားလောက်ရှိနေတယ် အာလူးစိုက်ရင် မြေသြဇာရောဆေးရောဖြန်းရတော့ မကိုက်တော့ဘူး”ဟု အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ဧပြီလတွင် အာလူးတစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်အကြားရှိနေပြီး ယခုတွင် တစ်ပိဿာလျှင် ၃၅၀၀ ကျပ်အထိရရှိကာ တခြားကုန်စျေးနှုန်းထက်စာလျှင်အာလူးက စျေးကောင်းမရနေပဲ သွင်းအားစုဈေးမြှင့်တက်ခြင်းကြောင့် စိုက်ပျိုးတောင်သူများအခက်ခဲကြုံနေရသည်။

နောက်ထပ်တောင်သူတစ်ဦးကလည်း“အာလူးကိုပဲအဓိကစိုက်တော့လေ ပြီးတော့အာလူးလည်းစျေးတက်မယ်ထင်ပြီး ၆ ခြံလောက်စိုက်လိုက်တာ စျေးကျတော့အကြွေးတောင်တင်သွားတယ် စျေးတက်တော့ စိုက်ပျိုးရေးလုပ်ဖို့အတွက် ကုန်ကျစရိတ်က အရမ်းကုန်တယ် အာလူးကဆိုပိုဆိုးတယ်”ဟုပြောသည်။

စစ်တပ်အာဏာစသိမ်းသည့်အချိန်မှစ၍ ရွှေစျေးနှင့်‌ဒေါ်လာစျေး တက်ပြီးနောက်ပိုင်းတွင် ကုန်စိမ်းစျေးနှုန်းများယခင်ထက်အဆမတန်မြင့်တက်နေသည်ဟုသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *

You missed