ခမ်းသားငေါဝ်း
ဇွန် ၁၈၊ ၂၀၂၄

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း ဒေသခံများစွာပိတ်မိ နေကြောင်းဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ်းဖာမူ၊ နောင်ဝိုး ၊ဗန်းမောက် ၊ ကုန်းပေါ၊ လဲလောင်းရွာ အနီးတစ်ဝိုက်တွင် ယနေ့ မနက်ပိုင်းက စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးအင်အားစုတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

“မနေ့ကလက်နက်ကြီးဘဲပစ်တာ ဒီနေကျတစ်နေကုန် တိုက်နေကြတယ်။ မထွက်နိုင်တဲ့လူလည်းအများကြီးရှိတယ်။ ဗမာစစ်သား(စစ်ကောင်စီ)နဲ့ PNO လည်းအများကြီး တောဖက်ကနေသွားနေတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်များစွာလည်း ပျက်စီးမှုရှိနေသလို ပြည်သူကိုထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း ယခုတွင်ဖုန်းလိုင်း၊အင်တာနက် လိုင်းဖြတ်ထားခြင်းကြောင့် ထိခိုက်မှုအသေးစိတ်ကို မသိရကြောင်းသိရသည်။

ပင်လောင်းမြို့တောင်ဖက်ဒေသတွင် ပြီးခဲ့သည့်မတ်လ ၁၁ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ပင်စုံရွာကလေးငယ် တစ်ဦးလက်နက်ကြီးထိမှန်သေဆုံးပြီး၊နောင်ဝိုးဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ရကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *