ခမ်းသားငေါဝ်း
ဇွန်လ ၁၈၊ ၂၀၂၃

ပင်လောင်းမြို့နယ် တီကျစ်ဒေသ ဘုရားဖြူအုပ်စုတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့အပြိုင် ပြည်သူ့စစ်ကောက်ယူမှုကြောင့် ဒေသခံများအခက်ခဲဖြစ်နေရကြောင်း ဒေသခံထံတွင်သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဒေသ ဘုရားဖြူအုပ်စုရှိ ကျေးရွာများတွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ပြည်သူများကိုအစည်းအဝေး ပြုလုပ်ပြီး တပ်သားအပြိုင် ကောက်ယူခဲ့ကြသည်။

‘’ဗမာစစ်တပ်ဘက်လည်း သွားရမယ်။ ပြည်သူ့စစ်ဘက်ကလည်း သွာရမယ်ဆိုတော့ အမျိုးမဟုတ်ဘူးလေ၊ ရွားသားတွေလည်း မသွားချင်ကြဘူး၊ ဗမာစစ်တပ်လည်း အစည်းဝေးခေါ်တယ်၊ ပြည်သူ့စစ်သင်တန်းကို ရွာတိုင်းတက်ရမယ်လို့ပြောတယ်၊ နောက် ပအိုဝ်းပြည်သူ့စစ်လည်း အစည်းဝေးကိုကုန်းလောမှာခေါ်တယ် အဲတာလည်း ပအိုဝ်းပြည်သူ့စစ်အတွက် စာရင်းကောက်ထားပေးဖို့ရွာတိုင်းပေါ့၊ အဲလိုပြောထားတယ်၊”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဗမာစစ်တပ်သည် အသက်၁၈ နှစ်အထက် ၃၅ နှစ်အောက် အားလုံး စာရင်းကောက်ခိုင်းထားသလို၊ ပအိုဝ်းပြည် သူ့စစ်ကလည်း အသက်၁၈ နှစ်အထက် ၄၀ နှစ်အောက် ဟုဆိုပြီး အသီးသီးစာရင်းကောက်ခိုင်းထားကြောင်း သိရသည်။

‘’အရင်တခေါက်လည်း တစ်ရွာသုံးယောက်ကို လွတ်လိုက်ရပြီ၊ ရွာတိုင်းမသွားလို့ ပအိုဝ်းပြည်သူ့စစ်က လူငှား ပြီးလွတ်လိုက်ရလို့ ငွေပြန်ကောက်တယ်၊ လူငှားတယောက်ကို ၅ သိန်းပေးရတယ်ဆိုပြီးတော့ ရွာကို ပိုက်ဆံပြန် ကောက်တယ်။” ဟု ၎င်းကပြောသည်။

ခေတ်မကောင်းသည့်အတွက် ရွာတိုင်းစားဝတ်နေရေးအဆင်မပြေ၍ ငွေလည်း မထည့်နိုင်သလို စစ်သားလည်း မလုပ်ချင်သည့် ပြည်သူများ အခက်ခဲနှင့်ရင်ဆိုင်နေရသည်။

ထို့အပြင် ဗာမာစစ်တပ်သည် ကျေးရွာအုပ်စုအတွင်းရှိ ကားများကိုလည်း ချောဆွဲမှုများပြုလုပ်နေကြောင်း၊ အုပ်စုအတွင်း ၅ စီး၊ ၅ ရက်စီသွားရကြောင်း၊ ထိုအတွက် မသွားနိုင်ကြ၍ အိမ်တိုင်းငွေကောက်ပြီး ငှားရမည် ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်များနိုင်ငံခြားသို့ ထွက်ပြီး အလုပ်လုပ်ကိုင်သူများသလို လက်ရှိ အပတ်စဉ်သုံး ပြည်သူ့စစ်သင်တန်းကို လူစာရင်းများစတင်ကောက်ခံနေပြီဖြစ်ကြောင်းသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *