ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၄

အိမ်တွင်းရေးပြသနာကြောင့် ပွေးလှရွှေကုန်းရွှာနေ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး ပေါင်းသတ်ဆေးသောက်ပြီး မိမိကိုယ်ကိုအဆုံးစီရင်ရန် ကြံစည်ခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံက သိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပွေးလှရွှေကုန်းရွှာနေအသက် ၁၅ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် အိမ်တွင်းရေးပြသနာကြောင့် ဇွန်လ ၁၆ ရက်နေ့တွင် ပေါင်းသတ်ဆေးသောက်ခဲ့ကြောင်း သိရသည်၊၊

”ကျွန်တော်တို့သိရသလောက်တော့ အိမ်တွင်းရေးပြသနာကြောင့်ပေါ့နော် အောင်ပန်းဆေးရုံကနေတောင်ကြီးဆေးရုံကိုပို့ပေးခဲ့တယ်”ဟု အောင်ပန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်၊၊

ပေါင်းသတ်ဆေးသောက်ခဲ့သည့် လူနာအမျိုးသမီးအား အောင်ပန်းဆေးရုံမှ တောင်ကြီးစဝ်းစံထွန်းဆေးရုံမှာ ပို့ပေးခဲ့ကြောင့် သိရသည်၊၊

PPV009

Leave a Reply

Your email address will not be published. Required fields are marked *