ခမ်းသားငေါဝ်း
ဇွန် ၁၆၏ ၂၀၂၄

ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ဘက်ခြမ်း လုံကန်ကျေးရွာရှိ PNO ပြည့်သူ့စစ်ဂိတ် ဇွန်လ ၁၅ ရက် မနက် ၈ နာရီအချိန်တွင် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ခြမ်း လုံကန်ကျေးရွာအနီးနမ့်ဟူးလမ်းဆုံတွင်ဦးခွန်ဇော် ဦးဆောင်သည့် PNO ပြည်သူ့စစ်ဂိတ်အား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် PNO ပြည်သူ့စစ် ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ပါရရှိခဲ့သည်ဟု သိရသည်။

“သူတို့ကရွာသားတွေရဲ့ပစ္စည်းတွေကိုလဲအရမ်းသိမ်းတယ် လမ်းသွားလမ်းလာ‌လူတွေကိုလဲငွေအရမ်းညစ်တယ် ငွေးကြေးလဲအတင်းအဓမ္မကောက်ခံတယ် စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ဒုက္ခပေးသလို၊မိုးဦးရွာကကုန်ကားတစ်စီးကိုလည်း(၁၀သိန်း )ထိဒဏ်ရိုက်တယ်၊ပြည်သူတွေတိုင်လာလို့လာတိုက်ခိုက်တာ”ဟုဒေသခံကပြောသည်။

ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ဘက်ခြမ်း လုံကန်ကျေးရွာတွင် ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်၊၊

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *