ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အား ရခိုင့်တပ်တော် AA ကထိုးစစ်ဆင်တိုက်တော့မည်ဖြစ်သည့်အတွက် ပြည်သူများ မြို့တွင်းမှထွက်ခွါရန် ဇွန်လ ၁၆ ရက်တွင် သသိပေးချက်ထုတ်ပြန်ထားသည်၊၊

မောင်တောဒေသခံပြည်သူလူထုတို့၏အသက်အန္တရာယ်ကိုစိုးရိမ်သည့်အတွက်ကြောင့် မောင်တောမြို့နယ်ရှိသများ ဇွန်လ(၁၆)ရက်၊ည(၉)နာရီအချိန်မှစတင်ပြီးမောင်တောမြို့အတွင်းမှအမြန်ဆုံးချက်ချင်းထွက်ခွာကြရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှအလေးအနက်အသိပေးခြင်းဖြစ်ကြောင်း ဆိုထားသည်။

စစ်ကောင်စီသည်မောင်တောမြို့အား ၎င်းတို့၏စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်‌ဆင်ရေးကိုပြုလုပ်ရန်ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ကျန်စခန်းများအားလုံးကိုAAမှဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဟုဆိုသည်၊၊

မြို့သူမြို့သားများအနေဖြင့်စစ်ကောင်စီ၏လမ်းမ၊အိမ်များအတွင်းမှခုခံစစ်ပြင်ထားသည့်နေရာများ၊တိုက်အဆောက်အအုံများပေါ်ရှိစနိုက်ပါပစ်ရန်ပြုလုပ်ထားသောနေရာများနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများတွင်အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန်သတိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

ဘင်္ဂလားပင်လယ်အော်နှင့်အပြိုင်တည်ရှိနေသောမောင်တောမြို့နယ်ရှိစစ်ကောင်စီ၏စခန်းများအားလုံးနီးပါးအားအာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်၍အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အချိန်တွင်မောင်တောမြို့နှင့်မောင်တောပတ်ဝန်းကျင်ရှိစစ်ကောင်စီ၏လက်ကျန်စခန်းများအားလုံးကိုလည်းဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

PPV0010

Leave a Reply

Your email address will not be published. Required fields are marked *