ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၄

ညောင်လေးပင် ရွာအနီးတိုက်ပွဲအတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားများ ၃ လကျော်သည့်အထိ လာရောက်ကောက်ယူခြင်းမရှိခြင်းကြောင်း မိုးရွာသည့်အခါ လမ်းပေါ်နှင့်ပြောင်းခြံများထဲထိ မျောပါလာကြောင်း ဒေသခံထံကသိရသည်၊၊

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ညောင်လေးပင်ရွာ၊ ရေပူရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် မတ်လတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသည့် စစ်ကောင်စီတပ်သားအလောင်းများကို လာရောက်ကောက်ယူခြင်းမရှိခြင်းကြောင့် ယခုလ မိုးကြီးသည့်အခါ ချောင်းထဲမြောင်းထဲရှိ ယင်းအလောင်းများ ရေထဲမျောပါလာပြီး တော်လှန်ရေးတပ်ဖွဲ့များက သင်္ဂြိုလ်ပေးခဲ့သည်၊၊

“သူတို့အများကြီးသေကြတာ။ အဲတာ အလောင်းလည်းပြန်လာမကောက်ကြဘူး။ မိုးကြီးတော့ရေနဲ့မျောပါလာတာ၊၊ ခုဒေသခံတွေ ပြန်လာနေပြီလေ သရဲဆိုလည်းအရမ်းခြောက်တယ်။ ညဖက်သွားတဲ့ ကားတွေဆိုင်ကယ်တွေဆိုလည်း သရဲက လိုက်လိုက်ဆွဲတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်သားအလောင်းများသည် ၄၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ယင်းစစ်သားအလောင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဇွန်လ ၁၆ ရက်နေ့တွင် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းရှင်းလင်းရေး ပြုလုပ်ပြီး သင်းဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *