ခမ်းသားငေါဝ်း

ဇွန် ၁၆၊ ၂၀၂၄

နောင်ရင်းရွာအမျိုးသမီးတစ်ဦး မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက်ပြတ်သွားပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ နောင်ရင်းရွာနေ နန်းထားထားရီသည် ဇွန်လ ၁၃ ရက်က ထိုင်းနိုင်ငံရှိ အစ်မဖြစ်သူနှင့် ဖုန်းပြောရန် ဖုန်းလိုင်းရှာစဥ် ရွာပြင်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားသည့်အပြင် မျက်လုံးနှင့် ခန္ဓာကိုယ်တစ်ခုလုံး မိုင်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။

“သူ့ဒဏ်ရာက ပြင်းထန်တယ်။ခုတော့ ဆေးကုသနေဆဲ ဆိုတော့ အခြေအနေက မပြောတတ်သေးဘူး”ဟု နီးစပ်သူတစ်ဦးကပြောသည်။

ယခုတွင် အောင်ပန်းမြို့ကုတင် ၇၀၀ဘဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာဖက်တို့တွင် မြေမြုပ်မိုင်းများ၊ မပေါက်ကွဲသေးသည့်လက်နက်ကြီးများ များစွာ ရှိနေသော်လည်း တာဝန်ရှိသူများ လာရောက်ရှင်းလင်းပေးခြင်းမရှိကြောင်း သိရသည်။

တိုက်ပွဲငြိမ်လျက်ရှိနေပြီဖြစ်ူည့် ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာတို့တွင် နေအိမ်ပြန်လာသော ဒေသခံများ မြေမြုပ်မိုင်းနင်းမိသည်မှာ ၅ ဦးထက်မနည်းရှိပြီဖြစ်ကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *